Written by မင်းသွီး - arakan times
ဇွန်လ ၁၆ရက်နေ့ ညနေ ၅နာရီခန့်တွင် ကျောက်တော်မြို့နှင့် ၆ မိုင်ခန့်ဝေးသော စံကားတောင်ရွာ၌ ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ညနေ ၈နာရီခန့်တွင် ယင်းရွာဘုန်းကြီးကျောင်း၌ ကင်းစောင့်နေသော ရခိုင် ၉ဦးနှင့် သင်္ဃာတစ်ပါးကို ကျာက်တော်ရဲနှင့် စကခတပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ယင်း ၉ဦးအား ပြန်လည်လွှတ်ပေးရန် ယနေ့ နံနက် ၁၀နာရီခန့်တွင် ကျောက်တော် ပြည်သူလူထု ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သည်။“စံကားတောင်ရွာကို စစ်တပ်နဲ့ ရဲတွေရောက်နေတဲ့အချိန်မှာ အဲဒီအဓိကရုဏ်းကပြီးသွားပြီ၊ အဲဒီတော့ ရွာထဲက ဘုန်းကြီးကျောင်းမှာ လုံခြုံရေးကင်း စောင့်နေကြတဲ့ ရွာသား ၉ဦးနဲ့ သံဃာ တစ်ပါးကို ဖမ်းဆီးသွားတယ်၊ သင်္ဃာတစ်ပါးကိုတော့ ညတွင်းချင်းဘဲ ပြန်လွှတ်ပေးလိုက်တယ်။ ဖြစ်တာက နှစ်ဘက်လုံးကဖြစ်တာဘဲ၊ အဲဒါ ဘင်္ဂလီမူဆလင်တွေကိုကျတော့ မဖမ်းဘဲနဲ့ ဘုန်ကြီးကျောင်းမှာ လုံခြုံရေးစောင့်နေကြတာကို ဖမ်းသွားတော့ လူထုတွေက မခံမရပ်နိုင်ဖြစ်နေကြတယ်” ဟု ကျောက်တော်မြို့ခံ တစ်ဦးမှ ပြောပြသည်။
ဖမ်းဆီးခံရသူ ၉ဦးအား ပြန်လည်လွှတ်ပေးရန် ကျောက်တော်လူထု ၁၀၀၀ခန့်သည် နံနက်၁၀နာရီတွင် ကျောက်တော်ပန်းခြံထဲ၌ ငြိမ်းချမ်းစွာ တောင်းဆိုနေခြင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် (စကခ-၉) တပ်ရင်းမှ အင်းအား ၆၀ခန့်ဖြင့် ဤတောင်းဆိုပွဲအား ရပ်တန့်ရန်နှင့် လူစုခွဲရန် သေနတ်ဖြင့် အကျအနချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
“စကခ-၉ တပ်ရင်းက စစ်သား ၆၀လောက်ရှိက ငြိမ်းချမ်းစွာ တောင်းဆိုနေတဲ့ လူထုတွေကို စည်းသုံးခု ကြောင်းပြီး၊ ဒီစည်းကျော်ရင် ပစ်လိုက်မယ်၊ အခုချက်ချင်း လူစုမခွဲဘူးလား၊ မခွဲရင် ပစ်ထည့်လိုက်မယ်ဆိုပြီး လူတွေကို ခြိမ်းခြောက်ပါတယ်။ အဲလိုခြိမ်းခြောက်တော့ တစ်ချို့လူတွေလည်း ပြန်လိုသူပြန်သွားကြတယ်၊ ဒါပေမယ့် လူ ၅၀၀ကျော်လောက် ကျန်ခဲ့ပြီး ကျနော်တို့ သူတို့ပစ်ရင်လည်း ပစ်ဆိုပြီး ငြိမ်းချမ်းစွာဘဲ ဖမ်းဆီးသွားတဲ့ ၉ဦးနဲ့ သံဃာတော် တစ်ပါးကို ပြန်လွှတ်ပေးရန် ဆက်လက် တောင်းဆိုခဲ့ပါတယ်”ဟု တောင်းဆိုပွဲတွင် ပါဝင်တဲ့ ကိုအောင်ကျော်မြတ်က Arakan Times သို့ပြောသည်။
စစ်တပ်က ငြိမ်းချမ်းစွာတောင်းဆိုနေသူများအား ယခုလို ခြိမ်းခြောက်ပြောဆိုနေစဉ် နေ့လည် ၂း၀၀နာရီခန့်တွင် မြို့နယ်အုပ်ချူပ်ရေးမှူး ရောက်လာပြီး ဖမ်းဆီးခံရသူ ၉ဦးအား စစ်ဆေးမေးမြန်းပြီး ပြစ်မှုတစ်စုံတစ်ရာမရှိက ပြန်လည် လွှတ်ပေးမည်ဟု လူထုကိုပြောကြားပြီး နေ့လည် ၂း၄၅ နာရီတွင် တောင်းဆိုပွဲပြီးဆုံးခဲ့ကြောင်း သိရှိရသည်။
Written by မင်းသွီး - arakan times







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment