|
ဇွန်လ ၁၅ရက်၊ နံနက် ၁နာရီခွဲခန့် အချိန်တွင် စစ်တွေမြို့ တရားသီးစုရပ်ကွက်ရှိ အိမ်ပေါင်း ၃၀ကျော်ကို ဘင်္ဂလီမူဆလင်များ မီးရှို့သွားကြောင်း သတင်းရရှိသည်။“ဘင်္ဂလီမူဆလင်တွေက မော်တော်ဘုတ်ကို ကမ်းနဲ့ဝေးတဲ့နေရာမှာ ရပ်ထားခဲ့ပြီး လှေနဲ့ ကမ်းပေါ်တက်ကာ ကမ်းနဲ့နီးတဲ့ အိမ်တွေကို စရှို့တာ ရွာခံသားတွေနဲ့ လုံခြုံရေးတွေ လိုက်တော့ မြစ်ထဲ ပြန်ဆင်းပြေးသွားကြတယ်။ မီးက တော်တော်လည်းကြောက်ဖို့ကောင်းအောင်ကို အရှိန်ပြင်းတာ၊ မီးသတ်ကားနဲ့ မနိုင်လို့ လူတွေ အကုန်လုံး ၀ိုင်းပြီးတော့ငြိမ်းတာ။ မီးလေး နည်းနည်းငြိမ်းသွားပြီး မိုးရွာတော့ လူတွေလည်း နည်းနည်းပါးသွားချိန်မှာ အဲဒီဘင်္ဂလီမူဆလင်တွေ နောက်တစ်ခေါက် ကမ်းတက် မီးရှို့ဖို့ ကြိုးစားသေးတယ် လူတွေ ၀ိုင်ပြီးလိုက်တော့ ကမ်းပေါ်မတက်နိုင်ခဲ့ဘဲ ပြန်ပြေးသွားကြတယ်။ မြစ်ထဲအထိလိုက်ဖို့က ကမ်းမှာ ဘာလှေမှ မရှိတော့ လိုက်လို့မရလိုက်တော့ဘူး”ဟု တရားသီးစုရပ်ကွက်သား တစ်ဦးက Arakan Times သို့ ပြောပြသည်။
ယခုကဲ့သို့ ထပ်မံမီးရှို့ခံရခြင်းမှာ လုံခြုံရေးများ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အရပ်သားများအား ယခင်ကဲ့သို့ လေးယောက်တစ်ဖွဲ့စီ ကင်းစောင့်ခွင့်များကိုလည်း ပိတ်ပင်ထားသောကြောင့်ဟု ဒေသခံများက ပြောဆိုနေကြသည်။
“အခု စစ်တပ်က အကုန်လုံးကို သူတို့အာဏာလွှမ်းမိုးထားသလိုဖြစ်နေပြီ ရဲတွေလည်း သူတို့လက်အောက်ကိုရောက်သွားပြီ၊ အဲဒီတော့ စစ်တပ်က လူတွေကို အယင်နေ့တွေလို လေးယောက်တစ်ဖွဲ့စီ ကိုယ့်ရပ်ကွက်မှာကိုယ် ကင်းစောင့်တာကို ခွင့်မပြုတော့ဘဲ သူတို့လုံခြုံးရေးနဲ့ သူတို့ စောင့်တော့ နေရာစုံမှာ လုံခြုံရေးမယူနိုင်တော့ဘူး။ ပြီးတော့ လုံခြုံရေးတွေက လုံခြုံရေးယူတယ်လို့သာပြောတယ် အရက်သောက်နေပြီး မူးနေကြတယ်။ မြစ်ကမ်းမှာ သူတို့စောင့်နေတာဘဲ၊ ဘာဖြစ်လို့ ဘင်္ဂလီမူဆလင်တွေ ကမ်းတက်လာတာကို မတွေ့တာလဲ မေးစရာရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောပြသည်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၄အမိန့်မှာ ပြည်သူများအတွက် လုံခြုံမှုကို မပေးနိုင်သည့်အပြင် ပြည်သူတွေကို အမြဲတမ်း ထိတ်လန့်ခြောက်ခြားမှုတွေကို ပေးနေသလို ဖြစ်နေတယ်ဟု ဒေသခံများက ပြောဆိုနေကြသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment