http://www.thithtoolwin.com
![]() |
| ဘင်္ဂလီများလာရာ လမ်းကြောင်းတွင် ကင်းစောင့်လျက်ရှိသော ရခိုင်မျိုးချစ်ျများ (မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် သတင်းပေးပို့သည်) |
![]() |
| ယနေ့နံနက် ၁၂ နာရီအချိန်တွင် ဘင်္ဂလီများ ချီတက်လာသောကြောင့် ဘေးကင်းရာသို့ ပြေးလာကြသော ရခိုင်ဒေသခံများ (မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် သတင်းပေးပို့သည်) |
![]() |
| စစ်တွေမြို့ ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂလီများ နှစ်ဘက်အခြေအနေတင်းမာ ယနေ့နံနက် ၁ ၂နာရီ မြစ်မခရခိုင်ပြည်နယ် သတင်းသတင်းပေးပို့ချက် |
![]() |
| ကယ်ဆယ်ရေး စခန်းတွင်းရှိ လာရောက်ခိုလုံနေကြသော ရခိုင်ဒေသခံများ (မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် ပေးပို့သည်) |
မြစ်မခရဲ့ ရခိုင်ပြည်နယ် သတင်းထောက် ဂျီမေးကတဆင့် နောက်ဆုံးပေးပို့ထားတဲ့ သတင်းပါ။
စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ
--------------------------------------------------------------------
ဆူပူများပိုများလာနေသည့် အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး
အလွန်စိုးရိမ်နေရကြောင်းသိရ သည်။
“ဒီမှာက လုံခြုံရေး အရမ်းကို အရေးကြီးနေပါတယ်၊ ဘင်္ဂလီတွေ
နေတဲ့ရပ်ကွက်တွေမှာရှိတဲ့ ရခိုင်တွေဆိုရင် ထွက်ပြေးလာကြတယ်၊အခု
မင်းဂံရပ်ကွက်တို့၊စက်ရုံစု ရပ်ကွက်တို့ဟာ လုံခြုံရေးအရ
အရမ်းကိုစိုးရိမ်နေရပါ တယ်၊ ဒီကလူတွေ ကင်းလှည့်နေကြတာ ၄ရက်ရှိသွားပြီ၊ညလဲ မအိပ်ရဘူး၊ သက်ဆိုင်ရာကလဲ ကင်းလှည့် ထားပါတယ်၊ဒါပေမယ့် ဘင်္ဂလီတွေက ရဲတွေကိုမကြောက်ဘူး၊ ဟုမင်းဂံရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
“ ဒီပြဿာနာက တော်တော်လေးကိုပြင်းထန်လာတယ်၊ မနေ့က ဘင်္ဂလီတွေဟာရခိုင်အိမ်တွေကိုမီးရှီုးဖျက်ဆီးဖို့အတွက် ချီတက်လာကြတယ်၊
ကျနော်တို့ဘက်ကလဲပြည်သူအင်အားတွေ ဖြည့်ထားတယ်၊ ဒုက္ခသည်တွေ အတွက်လည်းကျနော်တို့ကူညီထောက်ပံ့တာတွေလုပ်နေပါတယ်၊အခု မင်းဂံရပ်ကွက် ဓမ္မာရုံမှာဒုက္ခသည်တွေ အတွက်စားရေးသောက်ရေးကိုစီစဉ်ထားပါတယ်၊”ဟု
မင်းဂံရပ်ကွက်မှကိုနိုင်စိုးကပြောသည်။
လက်ရှိတွင် စစ်တွေမြို့၌ ဆိုင်ခန်းများ အားလုံးပစ်ထားရသလို
ညနေဘက်တွင်လည်း ဆူပူမှုဖြစ်လာမည့် အနေအထားရှိကြောင်းဒေသခံများကပြောသည်။
“ညဆိုရင် ဘင်္ဂလီတွေက ရခိုင်အိမ်တွေကို ၀င်စီးမယ့် အနေအထားရှိတယ်၊ အခုမင်းဂံရပ်ကွက်ဆိုရင် မီးခိုးတွေ တစ်ထောင်းထောင်းနဲ့၊
ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ၊ ကျနော်တို့်အတွက် တကယ့်ကိုရင်လေးစရာဘဲ၊ ဒဏ်ရာရတဲ့ ရခိုင်တွေလဲ မနည်းတော့ဘူး၊ အခုဈေးတွေလဲပစ် အလုပ်တွေလဲရပ်ထားရတာ ၃ရက်ရှိသွားပြီ မရှိဆင်းရဲသားတွေအတွက်တော်တော်လေးကိုဆိုးနေပါပြီဒါကိုသက်ဆိုင်ရာက အမြန်ဖြေရှင်းစေချင်တယ်ဗျာ၊”
ဟု ဒေသခံကိုဆန်းဝေ ကပြောသည်။
Shwe Myitmakha Media Group










စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment