http://www.thithtoolwin.com/
![]() |
| ဓာတ်ပုံ-စစ်တွေမြို့ခံတစ်ဦး |
Update 8.08 PM : ဘူးသီးတောင်- မောင်တောဒေသရှိအချို့နေရာများတွင် နေထိုင်သည့်ပြည်သူအယောက်၅၀၀ခန့်အဆက်အသွယ်မရရှိဘဲပျောက်ဆုံးလျှက်ရှိကြောင်း စစ်တွေမြို့ရှိ7DayNewsသတင်းထောက်ကပေးပို့သည်။
ပျောက်ဆုံးသည့်ပြည်သူများတွင်ယင်းဒေသကျေးရွာများသို့သွားရောက်တာဝန်ထမ်းဆောင်နေကြသောပညာရေးဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများပါဝင်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှလုံခြုံရေးယူပေးထားကြောင်းဘင်္ဂလားတွင်ရောက် ရှိနေသည့် ရခိုင်အမျိုးသားကိုနိုင်နိုင်က ပြောသည်။
7Day News Journal
Update 8:00 PM : စစ်တွေမြို့၊ လေယာဉ်ကွင်းလမ်းမတွင် ဘင်္ဂါလီတစ်ဦးကမိမိနေအိမ်ကိုမီးပြန်ရှို့သဖြင့်မီးသတ်ကား များလာရောက်ငြိမ်းသတ်ခဲ့ ရကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းသည့်နေအိမ်အနီးတွင်ရခိုင်လူမျိုးများနေထိုင်သည့် အိမ်များရှိသည်ဟု စစ်တွေမြို့ရှိ သတင်းထောက်က ပေးပို့သည်။ယခုတွင် စစ်တွေမြို့လမ်းများပေါ်တွင် ရခိုင်လူမျိုးများ စုရုံးလျှက်ရှိပြီး နာဇီ၊ ဘုမေ၊ ကသဲရွာများမှဘင်္ဂါလီများမှာမိမိတို့ကျေးရွာများအတွင်းတွင် ပင် ရှိနေကြကြောင်း သိရသည်။
7Day News Journal
စစ်တွေမြို့စွန်ရှိ ဘုမေရွာ၊ နာဇီရွာများမှ ဘင်္ဂါလီများသည် စစ်တွေမြို့အတွင်းသို့ဝင်ရောက်ရန်ကြိုး ပမ်းနေသဖြင့် စစ်တွေမြို့မ လမ်းတစ်လျှောက်နှင့် လောကနန္နာဘုရာအနီးတစ်ဝိုက်တွင် မှာ မြို့ခံများ စုဝေးနေပြီးဘင်္ဂါလီလူမျိုးများစစ်တွေမြို့တွင်းဝင်ရောက်ရန်ကြိုးပမ်းနေသည်ကိုရဲများတပ်မတော်သားများကမ၀င်ရောက်နိုင်အောင်ထိန်းနေသော်လည်းလုံခြုံရေးအင်အားနည်းပါးလျှက်ရှိ ကြောင်း လုံခြုံရေးအင်အားတိုးမြှင့်ရန် သက်ဆိုင်ရာသို့ပြောကြားထားသည်ဟု တာဝန်ထမ်းဆောင်လျှက်ရှိသော ဒုရဲအုပ်တစ်ဦးကပြောကြားသည်ဟုစစ်တွေမြို့မှသတင်းထောက်ကသတင်းပေးပို့သည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment