http://phophtaw.org/burmes
ဒီနေ့ နေ့လည်ပိုင်း တနာရီ အချိန်တွင် ထိုင်းTV 3 မှ သတင်းထောက် (၃) ဦးသည် ဗိုလ်ချုပ် စောလားဖွယ် ဦးဆောင်သည့် ဒီမိုကရေစီ လိုလားသော ကရင် အမျိုးသား တပ်မတော် (KKO) ၏ ဆုံစည်းမြိုင် စခန်းသို့ လာရောက် လေ့လာ ခဲ့ပါသည်။ ဤသတင်း ထောက်များသည် ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်နေ့ (DKBA) ၏ သတင်းစာ ရှင်းလင်းပွဲမှ ဖိတ်ခေါ် ခြင်းကြောင့် ရောက်လာခဲ့ ခြင်းဖြစ်သည်ဟု DKBA ပြောခွင့် ရသူ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး ကိုမျိုးက ဆိုပါသည်။ “ ဒီကေဘီအေရဲ့ အခြေအနေတွေကို လိုက်ပြပေးပါတယ်။ ဆေးရုံဆောက်တာတို့၊ စိုက်ခင်းတွေ၊ သင်တန်း ကျောင်းတွေကိုပြတယ်။ ပြီးတော့ ဒီကေဘီအေမှာ လုပ်ငန်းသုံးခုရှိတဲ့အကြောင်းပြောပြတယ်။ အဓိကကတော့ မိုင်းလုပ် ငန်းရယ်၊ ကုန်သွယ်ရေးလုပ်ငန်းနဲ့ ကုမ္ပဏီထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်းပေါ့ အဲဒီကနေ ၀င်ငွေ ရရှိတဲ့အကြောင်း ပြောပြတယ်။ ပြီးတော့ KKO ရဲ့ ဖွဲ့စည်းပုံကိုမေးတယ်။ အကုန်ပြောပြပါတယ်။”
ထို့အပြင် ထိုင်းအစိုးရက မြန်မာ အစိုးရကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် စာပို့ထားပါကြောင်း ဤကိစ္စ သိပါသလား ဟု သတင်းထောက် များက မေးမြန်းရာ ပြောရေး ဆိုခွင့်ရှိသူက အောက်ပါအတိုင်း ဖြေဆို သွားခဲ့ပါသည်။
“အဲဒီစာအကြောင်း ကနေ့အထိ မသိရသေးဘူး။ ဒါကြောင့် ပြောတာပေါ့ မြန်မာအစိုးရနှင့် ပတ်သတ်ပြီးတော့ နှစ် ဦးနှစ်ဖက် သံသယကင်းပါတယ်။ ဒါကြောင့်မလိုအပ်လို့ အစိုးရက အကြောင်းမကြားတာပေါ့။ ဒီလိုစွပ်စွဲချက်မျိုး နိုင်ငံ တော်အစိုးရကလည်း အခုထိ မူးယစ်ဆေးဝါး လုပ်နေပါတယ်ဆိုတာ စွပ်စွဲတာမျိုး မရှိသေးပါဘူး။ ထိုင်းနိုင်ငံကသာ ကျနော် တို့ကို စွပ်စွဲနေတာဖြစ်တယ် ထိုင်းနိုင်ငံမှာ မိတဲ့ ကိစ္စကို တရားခံလက်သည်ကို ရှာချင်တာနဲ့ ဦးနှုတ်ခမ်းမွေးကို ပုံချတယ်။ နိုင်ငံတော်က ကျနော်တို့ အပေါ်မှာ သံသယကင်းတယ်။ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လာရောက်စစ် ဆေးမယ် ဆိုရင်လည်းလာပါ။ အားလုံးကို ဖိတ်ခေါ်ပါတယ်။ လုံခြုံရေးအရကို တာဝန်ယူတယ် အားလုံးကို ဖိတ်ခေါ်ပါတယ်။” ဟုဒီကေဘီအေ ပြောခွင့်ရသူက ဖြေဆိုသွားပါသည်။
ဤကိစ္စနှင့် ပါတ်သက်ပြီး လာမည့်မေလ (၁၀) ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ထပ်မံကျင်းပရန် ရှိနေပါသည်။ ထိုင်းအစိုးရ သည်၊ ပြီးခဲ့သည့် ဧပြီလ လယ်ပိုင်းက မူးရစ်ရာဇာ (၂၅)ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါသည်။ ဤအထဲ၌ DKBA အဖွဲ့မှ ဗိုလ်ချုပ် စောလားဖွယ်ကိုလည်း စွပ်စွဲထားပြီး ဖမ်းဝရမ်း ထုတ်ခဲ့ပါသည်။ ဤသို့ကြောင့် ဤကိစ္စ လိပ်ခဲတင်းလင်းဖြစ်ပြီး DKBA ဖက်က မကျေမနပ်ဖြစ်နေခဲ့ပါသည်။ထိုင်းအစိုးရ ဖက်ကလည်း အထောက်အထား အခိုင်အမာရှိကြောင်း ဤသို့ကြောင့် ဗိုလ်ချုပ်စောလားဖွယ်အနေနှင့် လာရောက် အဖမ်းခံရန်ဖြစ်ကြောင်း၊ ပြောကြားနေပါသည်။ ထို့အပြင် ဒီကေဘီအေ စိုးမိုးနယ်မြေထဲကို ထိုင်းနိုင်ငံသားများ မသွားကြဖို့ ကိုလည်း နှိုးဆော်ထားပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment