| ထွန်းနိုင်လင်း Thursday, 24 May 2012 05:45 |
မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ဆယ်လေးနှစ်ကာလအတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်မြို့သို့ သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် နှစ်ရက်ကြာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မိန့်ခွန်းပြောကြားမည်ဟု အမည်မဖော်လိုသူ အမျိုးသားဒီမိုကရေစီပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားကြောင်း Business week သတင်းတွင် ဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၃၀ ရက်နှင့် ဇွန်လ ၁ ရက်နေ့တွင် ကျင်းပမည့် တောင်အာရှာ ကမ္ဘာ့စီးပွားရေး ဆုံရပ်(Forum)တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ထိုအဆင့်မြင့် ပါတီခေါင်းဆောင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ သူဟာ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်မဟုတ်သည့်အတွက် အမည်ကို မဖော်ပြဖို့ တောင်းဆိုခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးသမားတစ်ယောက်ဖြစ်တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်လည်းပဲ ထိုဆုံရပ်(forum) တွင် မိန့်ခွန်းပြောရန် စီစဉ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်များအပြင် ၂၁ နှစ်ခန့်ကတည်းက သူမရရှိခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို လူကိုယ်တိုင်လက်ခံယူရန် နော်ဝေးနိုင်ငံ အော်စလိုကိုသွားရောက်မှာဖြစ်ပြီး ဆုလက်ခံရရှိကြောင်း မိန်းခွန်း စကားပြောဖို့လည်း စီစဉ်နေပါတယ်။ သူမဟာ နှစ်ပေါင်း နှစ်ဆယ်ကျော် အကျယ်ချုပ်ဘ၀ဖြင့် နေခဲ့ရသူလည်းဖြစ်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment