|
ရခိုင်ပြည်၊ တောင်ကုတ်မြို့ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ပန်းထော်ခရိုင်၊ ပြင်ကြီးကျေးရွာတွင် (အထက) ကျောင်းဆောက်လုပ်ရန် ကိစ္စနှင့်ပတ်သက်၍ ရောက်ရှိလာရာ ပါတီ၏အကြောင်းကိုသာ အဓိကထား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။" ဦးကျောက်တောင်၊ ဒေါက်တာ စံလှိုင်၊ ဒေါက်တာ အောင်ကျော်မင်းတို့ မေလ (၁၉) ရက်နေ့က ပြင်ကြီးကျွေးရွာမှာ (အထက) ကျောင်းဆောက်မယ့် ကိစ္စနှင့် ရောက်လာတယ်၊ သူတို့က ကျောင်းကိစ္စကို ပြောတာကနည်းတယ်၊ ပါတီအကြောင်းကိုဘဲများများ ပြောသွားပါတယ်" ဟု ကျောင်းဆောက်လုပ်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
ပန်းထော်အုပ်စုရှိရွာများမှ ပြည်ခိုင်ဖြိုးပါတီအား ၂၀၁၀ ရွေးကောက်ပွဲတွင် မဲထည့်ခဲ့ခြင်းကြောင့် အထက်တန်း ကျောင်းရရှိရေးကို လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ကိုလည်း ဆက်လက် အားပေးနေရမည်ဟု ဒေါက်တာစံလှိုင်မှ ပြောကြားခဲ့ကြောင်း သိရသည်။
ရွာသားများ ပြည်ခိုင်ဖြိုးပါတီကို အားပေးမှသာလျှင် ဒေသဖွံ့ဖြိုးမည်ဖြစ်ပြီး ပါတီ၏ နောက်တွင်လည်း တပ်မတော်ရှိကြောင်းကို တောင်ကုတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးကျောက်တောင် မှ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း အဆိုပါ ကျောင်းဆောက်လုပ်ရေး ကော်မတီဝင်မှ ဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကာလ၌ တောင်ကုတ် ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ်စားလှယ်များ မြို့နယ်အတွင်း စည်းရုံးရေးဆင်းရာတွင်လည်း ဒေသခံပြည်သူများအား ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များကိုသာ မဲထည့်ကြရန် ဦးကျောက်တောင်မှ မက်လုံးပေးစည်းရုံခဲ့ကြောင်းသိရသည်။
ပြင်ကြီးကျေးရွာတွင် (အထက) ကျောင်းဆောက်လုပ်ရန် ခွင့်ပြုချက်မရခင်က တစ်အိမ်ထောင်ကို နှစ်သိန်း၊ သုံးသိန်းဖြင့် ခွဲတန်းကျ ထည့်ဝင်ရန် သတ်မှတ်ကာ စာရင်းကောက်ယူထားခဲ့သည်။ နိုင်ငံတော်အစိုးရမှ ကျောင်းဆောက်ရန် (၁၂၂၄)သိန်းလှူဒါန်ခဲ့သော်လည်း ရွာသားများထံတွင် စာရင်း အရလိုက်လံ ကောက်ခံနေပြီး သဲသုံးတင်း၊ ကျောက်က သုံးတင်း ထည့်ရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဆော်သြော်ထားကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment