
မနေ့က (၁၇ မေလ ၂၀၁၂) လိုင်ဆာဒေသနဲ့ ၆ မိုင်ခန့်အကွာ လဂျားယန်ဒေသမှာ ကေအိုင်အေတပ်စွဲထားတဲ့ စခန်းကို အစိုးရတပ်က နံနက် ၆ နာရီလောက်ကစပြီး လာရောက်တိုက်ခိုက်ဖို့ ကြိုးစားပါတယ်။ အစိုးရတပ်အင်အား ၁၀၀ ခန့် ရှိပါတယ်။ ကေအိုင်အေတပ်နဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တို့ ပူးတွဲပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ ကေအိုင်အေနဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တို့ရဲ့ အဝေးထိန်း ပဒေသာမိုင်းထိပြီး အစိုးရတပ်မှ တပ်သား ၄၀ ခန့်ကျဆုံးတယ်။ အစိုးရစစ်သား အလောင်း ၈ လောင်း ကောက်ယူရရှိပြီး သေနတ် ၈ လက် ရရှိလိုက်ပါတယ်။ တော်လှန် ရေးတပ်ဖွဲ့ဘက်မှ ၁ ယောက် ဒဏ်ရာ ရရှိခဲ့တယ်။
Photo: my.tianya.cn
http://www.naytthit.net






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment