တိုက်ပွဲသည် မန်တုံမြို့နယ် အခြေစိုက် KIA တပ်ရင်း ၃၄ တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် ကျောက်မဲ စကခ-၁ အောက် ခမရ ၅၀၂ စစ်ကြောင်းကြား ဟိုနမ် တွင် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ ဖြစ်ပွားခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင် သေဆုံးသည့် မြန်မာစစ်သား ၁၀ ဦးကျော်သည်ဟု ဒေသခံများဆိုသည်။
ရခိုင်ပြည်နယ်မှ တရုတ်ပြည်သို့ တင်ပို့မည့် ရွှေရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တစိပ်တပိုင်းသည် KIA တပ်ရင်း ၈ နှင့် ၃၄ တပ်ဖွဲ့များအခြေစိုက်သည့် မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ် များတွင် ဖြတ်သန်းသွားမည် ဖြစ်သည်။
ယခုချိန် ယင်း ၂ မြို့နယ်တွင် မြန်မာစစ်အင်အားသစ်များ တိုးချဲ့ချထားနေကြောင်း ဒေသခံများဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment