နောင်တော်လေး (ဖေ့စ်ဘုတ်)
ဇေကမ္ဘာနဲ့ ရွှေနံ့သာ - မီဒီယာသမားတွေလည်း ယနေ့လာသွားကြောင်း ဤဓာတ်ပုံနဲ့ ပြဆိုပါတယ်။ လယ်သမားတွေက ရဲနဲ့ လာပြီး ဇေကမ္ဘာကပြောတာကို ထောက်ပြီး ဦးနေမျိုးဝေကို သွားအကြောင်းကြားပါတယ်။ ရဲစခန်းကို ၀င်မေးကြည့်တဲ့အခါမှာတော့ ရဲက တားပိုင်ခွင့် မရှိပါဘူး လို့ ပြောပါတယ်။ ပဋိပက္ခမဖြစ်ရေးလောက်ပဲ ၀င်ထိန်းပေးနိုင်ပါတယ်လို့ ၀င်ရောက်တွေ့ဆုံခဲ့သူ ဦးနေမျိုးဝေ ကပြန်ပြောပါတယ်။ လယ်သမားတွေနဲ့ မြို့နယ်ရုံးကို ၀င်ကြည့်ပေမယ့် ရုံးမဖွင့်တဲ့အတွက် လယ်ကွင်းထဲကို ပဲ ဆက်ချီတက်ခဲ့ကြပါတယ်။ ဥပဒေဟောင်း ဥပဒေသစ် ကိုင်ပြီး အိုးအိမ်ဌာနမှ အကြောင်းပြန်ထားတဲ့ ဇေကမ္ဘာကို စက်မှုဇုံလုပ်ကိုင်ခွင့်ပေးမထားဘူး ဆိုတဲ့ အကြောင်းလည်း လယ်သမားတွေ သိပြီးသားပါ။ ဇေကမ္ဘာရုံးရှေ့မှာ သွားပြီး ရှင်းချက်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ မရှိပါဘူး။ လုံခြုံရေးတွေက ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းကို လက်ကိုင် ဖုန်းလေးနဲ့ မှတ်တမ်းတင်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုံအတွက် ခွင့်ပြုထားခြင်းမရှိကြောင်း အိုးအိမ်ဌာနမှ ဒေါ်ခင်မေအေး ပြောဆိုချက်ကို လယ်သမားတွေကို ရှင်းပြပြီး
လယ်ပြန်စိုက်ကြဖို့ ဥပဒေအဟောင်းမှာ တန်းစီဇယားချပြီး လယ်မြေတွေချ
ထားပေးရမည့်အကြောင်း ဆင်းရဲသားတွေကို ဦးစားပေးရမည့်အကြောင်းနှင့်
ဥပဒေသစ်မှာ လယ်ယာမြေတွေကို သွားရောက် မှတ်ပုံတင်ရမည့်အကြောင်း
သတင်းစာကိုင်ပြီး ရှင်းလင်းနေခြင်းပါ။
သာသနာ့အလံက တံဆာခံပါ။ ဆိုင်းဘုတ်ထတ်ထားတာတော့ ကြာပါပြီ အကွက်ဆင်ထားတာပါ အဲဒီလူ ဘယ်နေရာ ဘယ်ဌာနမှာလဲဆိုတာတောင် ဒေသခံလယ်သမားတွေ မသိပါဘူး။ အဲသလို ဆိုင်းဘုတ်တွေ အများကြီးပါ။
ဇေကမ္ဘာကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းကလည်း တာဝန်အရ ဗွီဒီယို ဓာတ်ပုံမှတ်တမ်း ရယူနေခြင်းပါ။ လက်နက်ကိရိယာ တံဆာပလာအစုံနဲ့ တွေ့မြင်ရပါလိမ့်မယ်။
ဇေကမ္ဘာက ရွှေနံ့သာ လယ်မြေထဲမှာ မန်နေဂျာ ဦးမြင့်ဇော်ရဲ့ ရုံးဖြစ်ကြောင်း လယ်သမားတွေ ပြောပြပါတယ်။ ဒီကနေ့မှာတော့ လုံခြုံရေးဝန်ထမ်းတွေသာ ရှိနေပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment