မေလ ၅ ရက်၊ ၂၀၁၂ ခုနှစ်၊ မော်ကယားမြာ (YPI)
ကရင်နီ(ကယား)ပြည်နယ်တွင် ဖရူးဆိုးမြို့နယ် အမှတ် (၁၄) တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်လုပ်ခြင်းကြောင့် ကျေးရွာလူထု မှီခိုအားထားသည့် တောတောင်များ အထိ ထပ်မံတိုးချဲ့လာခြင်းမှ ကာကွယ်နိုင်ရန်အတွက် ယင်းမြို့နယ် ခိုးလျှေဆိုတောင်ပေါ်တွင် လူထုတွေ့ဆုံပွဲတရပ်ကို ယခုရက်ပိုင်းက ကျင်းပပြုလုပ်ကြသည်။
လူထုတွေ့ဆုံပွဲ ဦးစီးဦးဆောင်ပြုသူ ဒေသခံလူငယ်တဦးက “လေ့ကျင့်ရေးတပ်ကလည်း နီးလာတဲ့အတွက် ဒီမှာရှိတဲ့ သံယံဇာတတွေ၊ မြေပေါ် မြေအောက်ဖြစ်စေ တနည်းအားဖြင့် သူတို့ကယူနိုင်တဲ့ အနေအထား ရှိတာကြောင့် အဲဒါတွေကို ကာကွယ်နိုင်ဖို့ဝိုင်းပြီးထိန်းသိမ်းဖို့အတွက် လူထုတွေတွေ့ဆုံဆွေးနွေးကြတာပါ” ဟု YPI သို့ ပြောသည်။
ယခု ထိန်းသိမ်းကာကွယ်နေကြသည့် ဒေသခံများ ရိုးရာပူဇော်ပသမှုပြုကြသည့် တောတောင်များလည်း ဖြစ်ရာ ယဉ်ကျေးမှုအရ၊ ကရင်နီ သမိုင်းအရ တန်ဖိုးရှိသည့် ဒေသများလည်း ဖြစ်သည်။
မကြာသေးမီ နှစ်များက တပ်နယ်မြေအဖြစ် ၎င်းတို့၏ လယ်ယာမြေများကို သိမ်းဆည်းထားသည့်အပြင် ယခုအခါ ကျေးရွာအားလုံးမှ မှီခိုအားထားလျှက်ရှိသည့် သောက်ရေသုံး စိမ့်စမ်းရေထွက်ပေါက်ရှိရာ သမိုင်းဝင် ထိန်းသိမ်းထားသည့် တော တောင်နှင့်နီးကပ်လာသဖြင့်လည်း ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။
လူထုတွေ့ဆုံပွဲမှ ခူးလီးရယ်က “ဒီတစ်နှစ်ကတော့ ထူးထူးခြားခြား အဖက်ဖက်ကနေပြီး ဒီတောင်ကို အမျိုးမျိုးလုပ်ချင်ကြ တယ်။ အခုကလည်း သစ်တောတွေပြုန်းတီးလာတယ်။ စိမ့်စမ်းရေလည်း အထွက်နည်းလာတယ်။ ဒီတပ်နဲ့ ရွာက ခြေလျှင် လျှောက်ရင် တစ်နာရီလောက်ပဲ သွားရတဲ့အတွက် ဒေါလော့ခူက ရေထွက်ပေါက်နဲ့တအားနီးတယ်။ ဒါက ကျနော်တို့အ တွက်အန္တရာယ်ရှိတယ် ” ဟု
လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေကို ရှင်းလင်းပြောပြသည်။
ထို့ကြောင့် ကေးလျားကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းရှိ လူထုများအားလုံးက တွေ့ဆုံပွဲပြုလုပ်ကြကာ တောင်ပေါ်တွင် မီးထွန်းပူဇော်နေကြသည်။ ရိုးရာအစဉ်နည်းအတိုင်း
ပူဇော်ပသကြပြီးနောက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံသို့လည်း အသနားခံစာတင်ပြနိုင်ရန်ကိစ္စကိုပါ ဆွေးနွေးသွားကြသည်။
၎င်းအကြောင်းအရာနှင့်ပတ်သက်၍ ဖရူးဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မတ်လ(၂၃)ရက် တွင်ပြည်သူ့လွှတ်တော်သို့ မေးမြန်းတင်ပြထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိကြောင်း လွှတ်တော်အမတ် အူးရယ်က ပြောသည်။
၂၀၁၁ခုနှစ် ဧပြီလတုန်းကလည်း ပြည်နယ် ဝန်ကြီးချူပ်ထံ တကြိမ် အသနားခံစာတင်ပြထားကြပြီးဖြစ်သည်။ ။
Yangon Press International

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment