http://www.thithtoolwin.com/20
| ဧပြီလ ၂၅ ရက်နေ့ ယနေ့ အလုပ်လျှောက်လွှာအား ၀ိုင်းကြည့်နေသူများကိုတွေ့ ရစဉ် |
ဧပြီလ၂၅ ရက်နေ့ ၂၀၁၂
(၂၅-၄-၂၀၁၂) နေ့က နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်းမပေါ်ရှိ အသစ်ဖွင့်လှစ်လိုက်မည့်ကမ္ဘောဇ ဘဏ် အတွက် လုပ်သား စုစုပေါင်း (၂၀)လောက် လိုအပ်သဖြင့် အလုပ်လျှောက်လွှာများ ဝေငှရာ အလုပ်လျှောက်လိုသူ အင်အားများ အဆမတန် များပြားနေသဖြင့် ဘဏ်တစ်ဝိုက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်အကြာဖြစ်ပြီးပြီး ဘဏ်အဆောက်အဦးရှိ ရှေ့ ၀င်မှန်တံခါးပင် တိုက်မိ ပြီး ကွဲအက်သွားအောင်ပင် အလုပ်လာလျှောက်လိုသူ များပြားလာခဲ့ကြောင်း သိရသည်။
``အလုပ်လျှောက်လွှာတင်ရက်မဟုတ်ပါဘူး။ အလုပ်လျှောက်လွှာ ဝေတဲ့ရက်မှာကို ဘဏ်ရှေ့က ဗိုလ်တောက်ထိန်လမ်းမတစ်ခုလုံး ယာဉ်ကြောတောင်ပိတ်ဆို့သွားတယ်။ အမှန်တကယ် ဘဏ်အနေနဲ့လူလိုတာက (၂၀)ကျော်ကျော်ပါပဲ လျှောက်လွှာလာယူတာတွေက အဆမတန်ပါပဲဗျာ။ နေ့လည် (၁၀)နာရီနောက်ပိုင်းက အဆိုးဆုံး လူများချိန်ပဲ တိုးကြဝှေ့ကြနဲ့ပေါ့´´ ဟု အလုပ်လျှောက်လွှာ သွားယူသူ လူငယ်တစ်ဦးက ပြောဆိုသည်။
လျှောက်လွှာသွားယူသူ အမျိုးသမီးတစ်ဦးကလည်း ``ဒီလောက်မထင်ထားပါဘူး လူတွေက ပိတ်ညှပ်သပ်နေတယ်။ လျှောက်လွှာတွေ ဝေပြီလို့လဲ ကြော်ငြာလိုက်ရော ဘဏ်အဆောက်အဦးထဲ တိုးဝှေ့ပြီးဝင်လိုက်ကြတာ လူဝင်ပေါက်က မှန်တခါးတောင် ကွဲထွက်သွားလို့ ဘဏ်က တာဝန်ရှိသူက လျှော် လျှော် နင်တို့အားလုံးကြောင့်ဖြစ်ရတာ စုလျှော်ကြဆိုလို့ အလုပ်တောင်မရကြသေးဘူး အလျှော်က အရင်ဆိုတော့ ကျမတို့တောင် စိတ်ပျက်သွားတယ်´´ဟု ယင်း၏ အတွေ့အကြုံကို ရင်ဖွင့်လာသည်။
ဆက်လက် ယင်းက ပြောဆိုသွားသည်မှာ ``တလောက အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တစ်နိုင်ငံလုံးမှာ အလုက်လက်မဲ့ဦးရေ ရာခိုင်နှုန်း (၂၀)ကျော်ပဲရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့စာရင် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးလို့ သိရပါတယ်။ ဒါဆို ကျမ ပြန်မေးပါရစေ အဲသည့် ရာခိုင်နှုန်း (၂၀)ကျော်ထဲက အများစုက နေပြည်တော်ဒေသတွင်းနေထိုင်သူတွေလားလို့---´´
နေပြည်တော်သတင်းထောက် (Myanmar News Now)
| အလုပ်လျှောက်လွှာ |






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment