http://www.thithtoolwin.com/
![]() |
| ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေစဉ် |
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ့ က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန့် ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို့ ၏ တာဝန်မသိမှု ကြောင့် ကယ်သူမဲ့နေသောကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာမဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာရှိပါသည်။
သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင်တာဝန်ရှိပါလျှက်၎င်
သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။
မျက်မြင်တွေရှိခဲ့ရသူ ပြည်သူတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment