19 February 2012

မောင်ချစ်သူ၊ ဖားနွီး လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များ မြိုင်ကြီးငူဒေသ တခေါ်ဖိုး ဒီကေဘီအေ စခန်းတစ်ခုတက်သိမ်း (HOT News)

Written by thawthikho   
Sunday, 19 February 2012 12:30

ယနေ့ နေ့ လည်မွန်းလွဲ တစ်နာရီအချိန်တွင် မောင်ချစ်သူနှင့်ဖားနွီးလက်အောက်ခံ BGF နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များက မြိုင်ကြီးငူဒေသ ဗိုလ်ဘိ လက်အောက်ခံ တခေါ်ဖိုး ဒီကေဘီအေ စခန်းအား ၀င်ရောက်ပစ်ခတ် သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိပါသည်။
အဆိုပါတိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှု အတိအကျ မသိရသေးသော်လည်း BGF နယ်ခြားစောင့်တပ်ဖွဲ့ ဝင်မှ ဒီကေဘီအေ သေနတ် အလက်(၂၀) သိမ်းဆည်းယူသွားကြောင်း သတင်းရရှိပါသည်။

ယခုဖြစ်ပွားသည့်တိုက်ပွဲနှင့်ပါတ်သက်၍ သမ္မတ ဦးသိန်းစိန်အစိုးရမှ ဒီကေဘီအေ ကိုသော်လည်းကောင်း ကေအဲန်ယူကို သော်လည်းကောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ပဏာမ လက်မှတ်ထိုးမှုများအဆင့်အထိတိုးတက်မှု များရှိခဲ့သော်လည်း ဗမာ့တပ်မတော်မှ ကရင်နယ်ခြားစောင့်တပ်တွေကို ဒီကေဘီအေ စခန်းအားသွားရောက်တိုက်ခိုက်အမိန့် ပေးခြင်းသည်က ကရင်လူမျိုးတွေ ကို စနစ်တကျ သွေးခွဲပြီး ရာသက်ပန်ကျွန်အဖြစ်သွတ်သွင်းရာ လုပ်ဆောင်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါသည်။

ဒီကိစ္စနှင့်ပါတ်သက်၍ ဗိုလ်မှူးစောလားဘွယ်ဦးဆောင်တဲ့ ဒီကေဘီအေနှင့် KNU ကရင်အမျိုးသားအစည်းအရုံးတို့ ဗမာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ အခြေနေမှန်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသည်။ တဖက်တွင် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းပြီး တဖက်မှာ ကရင်အချင်းချင်းကို သွေးခွဲ တိုက်ခိုက်ရန် စေခိုင်းချင်းသည် လူယုတ်မာ တို့ ၏ လုပ်ရဖြစ်ကြောင်းပေါ်လွင်လှပါသည်။ ဒီအတိုင်းဆိုရင် ဒီကေဘီအေရော ကေအဲန်ယူပါ ဗမာအစိုးရကို ပြန်ထထိုက်ဖို့ အလားအလာတွေက များနေတယ်လို့ စစ်ရေးလေ့လာသူတစ်ဦးက ဆိုပါသည်။

သတင်းပေးပို့ သူ- မြစ်ဆုံမင်း
၁၉၊ ၀၂၊ ၂၀၁၂

0 kommentarer:

Post a Comment