ရေးသားသူ - နှောင်းလှိုင်
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် တိုင်းရင်းသား ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်စဲရေးနဲ့ တတိုင်းပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာမှတဆင့် ဦးသိန်းစိန် အစိုးရအား တောင်းဆိုသွားမယ်လို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့က ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား မှန်သမျှ ချွင်းချက်မရှိ လွတ်ပေးရေး၊ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးကို ဦးသိန်းစိန် အစိုးရဘက်က ကြေညာပေးရေး၊ တိုင်းရင်းသား ဒေသတွေမှာ ချထားတဲ့ မြန်မာ့တပ်မတော်အင်အားတွေ ရုတ်ပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်ပေးဖို့နဲ့ တိုင်းရင်းသားအင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတဲ့ အချက် ၃ ချက်ကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“၂၀၁၂ ဒီနှစ်ထဲမှာ ကျမတို့ မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့၊ တိုင်းရင်းသား လူမျိုးစု အားလုံး စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တိုင်းရင်းသားတွေ အားလုံး မျှော်မှန်းနေတဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌန်းခွင့် ဆိုတဲ့ဟာတွေကို လက်ရှိ ဦးသိန်းစိန် အစိုးရက တကယ် နိုင်ငံရေး စေတနာ မှန်မှန်နဲ့ တကယ် အကောင်အထည် ဖော်ပေးဖို့အတွက်ကို ကျမတို့ ကြိုးစားချင်တယ်” လို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့မှ တာဝန်ခံ ဒေါ်ခင်အုံမာက ပြောပါတယ်။
အခုနှစ်အတွင်း ပြုလုပ်မယ့် ကုလသမဂမှ အစည်းအဝေး၊ ဥရောပ သမဂ အစည်းအဝေး၊ အာစီယံနဲ့ အာစီယံ ဒေသဆိုင်ရာ အစည်းဝေး စတဲ့ အစည်းအဝေး ညီလာခံတွေမှာ အထက်ပါ အချက်များအား တင်ပြပြီး တိုက်တွန်းနိုးဆော်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃၊၂၄ ရက်နေ့မှာ မြန်မာအရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် ကရင်နီလူမှုအဖွဲ့အစည်း ဆွေးနွေးဖလှယ်နေစဉ် (ဓါတ်ပုံ-ကေတီ)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃၊၂၄ ရက်နေ့မှာ မြန်မာအရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် ကရင်နီလူမှုအဖွဲ့အစည်း ဆွေးနွေးဖလှယ်နေစဉ် (ဓါတ်ပုံ-ကေတီ)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃၊၂၄ ရက်နေ့မှာ မြန်မာအရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့မှ လာမယ့် ၂၀၁၄ မြန်မာနိုင်ငံ အာစီယံ ဥက္ကဌ ဖြစ်မယ့် အကြောင်း၊ ပြီးခဲ့တဲ့ ၂၀၀၉၊ ၁၀အတွင်း မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ၂၀၁၂နဲ့ ၂၀၁၃ ခုနှစ်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ဆွေးနွေးဖလှယ်မှုတွေကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ရဲ့ နယ်စပ် တနေရာမှာ ပြုလုပ်ခဲ့ရာ ကရင်နီလူမှု အဖွဲ့အစည်း အသီးသီးမှ လူဦးရေ ၂၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
“မြန်မာနိုင်ငံ ပြီးတော့ တိုင်းရင်းသားဒေသတွေမှာပေါ့။ အကြမ်းဖက်မှုတွေ အများကြီး ရှိနေတယ်ဆိုတာ သိရှိရတယ်။ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ကောင်းတဲ့ နေရာ တချို့ ရှိသလို ဆိုးရွားနေဆဲ နေရာတွေလည်း ရှိတယ်။ ကောင်းတဲ့ နေရာဆိုတာ တချို့နေရာမှာ ကျမတို့ကို အခွင့်အရေးတွေ အနည်းအကျဉ်း ပေးလာတာပေါ့နော်။ သူတို့ အဲလိုမျိုး အခွင့်အရေး ပေးလာတာဟာ သူတို့က အာစီယံ ဥက္ကဌ ထိုင်ခုံမှာ တက်ထိုင်ချင်လို့ပဲ နိုင်ငံတကာ မြင်လို့ ကောင်းအောင် ဆိုပြီးတော့ အခွင့်အရေး အနည်းအကျဉ်း ပေးလာတယ်” လို့ နှီးနှောဖလှယ်ပွဲမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ ကရင်နီအမျိုးသမီး တဦးက ပြောပါတယ်။
ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ မြို့ပေါ်က ပြည်သူတွေအတွက် အပြောင်းအလဲ အနည်းအကျဉ်း ရှိလာပေမယ့်လို့ တိုင်းရင်းသား ဒေသ တောကျတဲ့ နေရာမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။
နိုင်ငံတကာမှ တင်ပြနိုင်ဖို့ နယ်စပ်မှာ အခြေစိုက်နေတဲ့ တိုင်းရင်းသား အင်အားစုတွေ၊ လူငယ် အမျိုးသမီးတွေ၊ သဘာဝ ပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ဆောင်နေတဲ့ သူတွေနဲ့ မိမိဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေများကို နှီးနှောဖလှယ်ကြပါတယ်။ အခုလို နှီးနှောဖလှယ်ပွဲကို မဲ့ဆောက်နဲ့ စံခလဘူရီတို့ဘက်မှာ ထပ်မံ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဒေါ်ခင်အုံမာက ပြောပါတယ်။
28 February 2012
ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာမှတဆင့် ဦးသိန်းစိန် အစိုးရကို အချက် ၃ ချက် တောင်းဆိုသွားမယ်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment