ဝင့်ထန်း 
Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဖေ့စ်ဘွတ် တည်ထောင်သူ မခ် ဇာကာဘက်ခ် ရဲ့ ကြွယ်ဝမှုမှာ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၃.၅ ဘီလီယံရှိပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းတွင် ၅၂ နေရာမှာ ရှိသည်။
မကြာခင်က ဖေ့စ်ဘွတ်ကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဈေးတင်သတ်မှတ်ခဲ့တာကြာင့်၊ သူ့ရှယ်ယာစုက ၂၈.၄ ရာခိုင်နှုန်းရှိတဲ့အတွက် ဇာကာဘက်ခ်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၂၈.၄ ဘီလီယံ အထိ ရှိလာနိုင်သည်။ ဒါ့အပြင် သူ့ကို ကမ္ဘာ့အချမ်းသာဆုံးသူအဖြစ် မြင်ကြဖို့ ရှိနေသည်။
ယခု ဇာကာဘက်ခ်ရဲ့ အသက်က ၂၇ နှစ်သာ ရှိသေးတာမို့၊ အခြား ဘီလျံနာအိုကြီးတွေနဲ့ယှဉ်ရင် ထိပ်ဆုံးရောက်ဖို့ သူ့မှာ အလားအလာ အများကြီးရှိနေသည်။ ကမ္ဘာ့ထိပ်တန်း ဘီလျံနာ ၁၀၀ စာရင်းဝင် ဂူဂဲလ် ကုမ္ပဏီ ပူးတွဲထူထောင်သူ Larry Page နဲ့ Sergey Brin တို့ရဲ့ အသက်ကလည်း ၄၀ အောက်တွေ ဖြစ်သည်။ သို့သော် လက်ရှိ အသက်အရွယ်နဲ့ ပိုင်ဆိုင်ထားတဲ့ဓနကို တွက်ရင်၊ ဇာကာဘတ်ခ် က အငယ်ဆုံးမို့ ကမ္ဘာ့ အချမ်းသာဆုံးဟုပင် ဆိုနိုင်သည်။

အောက်မှာ ဖေ့စ်ဘွတ် လူဦးရေကို ရုရှား၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ အမေရိက တို့က လူဦးရေနဲ့ ဘီလီယံအားဖြင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ဈေးကွက်ကြွယ်ဝမှု ဒေါ်လာ ဘီလီယံကိုလည်း Boeing, McDonald, Amazon,Google, Toyota, Apple ကမ္ပဏီတို့နှင့်လည်း ဖေ့စ်ဘွတ်ကို နှိုင်းယှဉ်ထားသည်။ နောက် ဖ့စ်ဘွတ်လုပ်ငန်းက ကြွယ်ဝချမ်းသာပေမဲ့ အခြားကုမ္ပဏီများလို လုပ်သားအင်အား သောင်းဂဏန်း၊ သိန်းဂဏန်းမရှိဘဲ၊ နည်းပညာလုပ်သား ၃ ထောင်ကျော်နှင့် ရုံးနှစ်ရုံးသာ ရှိတာက ထူးခြားသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment