ခရစ်စတင်း | စနေနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင် အမျိုးသား အစည်းအရုံး KNU နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် မြန်မာ အစိုးရဘက်က မြ၀တီမြို့တွင် မြ၀တီ အထူး စီးပွားရေးဇုန် တည်ဆောက် သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် စက်မှုဝန်ကြီး ဦးစိုးသိန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
သဘောတူညီမှု ရရှိပြီးနောက် မြန်မာအစိုးရဘက်က မြ၀တီမြို့တွင် မြ၀တီ အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် စက်မှုဝန်ကြီး ဦးစိုးသိန်းက ထုတ်ဖော် ပြောဆိုလိုက်သည်။
“ဧက တထောင်ကျော်လောက် စတင် ဖော်ထုတ်မယ်” ဟု ဦးစိုးသိန်းက ပြောသည်။ မြ၀တီနှင့် ဘားအံမြို့သည် KNU အဖွဲ့ဝင်များ အများဆုံး ရှိသည့် ဒေသများ ဖြစ်သောကြောင့် လက်ရှိတွင် ဘားအံမြို့တွင်လည်း ဧကထောင်ကျော် ဖော်ထုတ်နေရာ မြ၀တီမြို့တွင်လည်း တရားဝင် အထူး စီးပွားရေးစက်မှုဇုန် ဖော်ထုတ်မည်ဖြစ်ကြောင်း၊ စီးပွားရေးအတွက် အချက်အချာ ကျသောကြောင့် ယင်းကဲ့သို့ ဖော်ထုတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“စီးပွားရေး သမားတွေကော၊ KNU အဖွဲ့ဝင်တွေကော စီးပွားရေး လာလုပ်ဖို့ ဖိတ်ခေါ်တယ်” ဟု ဦးစိုးသိန်းက ပြောသည်။
ကရင်ပြည်နယ်သည် အနာဂတ်တွင် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်း များစွာ ရှိသောကြောင့် ယခုလို အခွင့်အလမ်းများကို ဖွင့်ပေးရခြင်းဖြစ်ကြောင်း၊ ဘားအံစက်မှုဇုန်တွင်လည်း လာရောက် ရင်းနှီးကြရန် ၀န်ကြီးက ဖိတ်ခေါ်ထားသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8886-2012-01-14-06-12-03.html

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment