ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ကာ အူ ၃ နေရာတွင် ဖြတ်ချုပ်ရသည့် ကချင်အမျိုးသား ဦး မရန်အထင် (ထင်ဂျား)
23
ပြည်တွင်းစစ် ဖြစ်နေသော မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်ကျောက်စိမ်းမှော် ဒေသတွင် အစိုးရ စစ်သားများက လက်နက်မဲ့ ပြည်သူများကို ပစ်ခတ်ရာ လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဖားကန့်မြို့နယ် လောင်ခန်(Lawng Hkang)နှင့် ဆိုင်းရာ(Seng Ra)ရွာသစ် ကြားတွင် ဇန်န၀ါရီလ ၁၅ ရက် နံနက် ၉ နာရီ၌် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထောင်ထားသော မိုင်းကို အစိုးရစစ်ကြောင်း စစ်သားများ နင်းမိ ပေါက်ကွဲရာ မိုင်းပေါက်ကွဲသံကြောင့် ရွာသားများ ကြောက်ရွံ့ ထွက်ပြေးကြသည်ကို အစိုးရစစ်သားများ လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုကြောင့် လက်နက်မဲ့ပြည်သူ ဗမာအမျိုးသား ၂ ဦး သေဆုံး၍ အခြား (၅) ဦး ဒဏ်ရာရရှိသည်။
ယခုလို လူမဆန် ပစ်ခတ်မှုကို ကြိုးလွန်ခဲ့သည့် တပ်မှာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) လက်အောက်ခံ ကသာအခြေစိုက် ခမရ အမှတ် (၃၀၉) မှ စစ်သားများဖြစ်သည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment