13 January 2012

။ကိုမင်းကိုနိုင်ကိုတွေ့ရန် ဦးကျော်သူ ရန်ကုန်မှထွက်ခွာလာပြီးမကွေးသို့ရောက်ရှိနေကြောင်း

ကိုမင်းကိုနိုင်သရက်မှအောင်လံမြို့ကို မော်တော်နှင့်ကူးသည့်အချိန်တွင်အောင်လံမြို့ခံပြည်သူလူထုက NLD အလံများဝှေ့ရမ်းပြီးကြိုဆိုကြသည်။ပထမတွင်လူတစ်ရာခန့်မှတဖြည်းဖြည်းလူများလာချိန်တွင် မြို့ခံပြည်သူလူထုကို ကိုမင်းကိုနိုင်ကနှုတ်ဆက်စကားပြောကြားခဲ့သည်။ထို့နောက် အောင်လံမြို့ ရွှေပြောင်ပြောင်ဘုရားကို ၀င်ဖူးပြီးမြို့ခံပြည်သူများကိုနှုတ်ဆက်ကာ အောင်လံမြို့NLD ပါတီတာဝန်ရှိသူတစ်ဦး၏အိမ်တွင်ခေတ္တနားနေသည်။ကိုမင်းကိုနိုင်ကိုတွေ့ရန် ဦးကျော်သူ ရန်ကုန်မှထွက်ခွာလာပြီးမကွေးသို့ရောက်ရှိနေကြောင်းသိရသည်။တွေ့ဆုံပြီးပါက ရန်ကုန်သို့အတူတကွပြန်ကြမည်ဖြစ်ကြောင်း The Messenger သတင်းထောက်မှ သတင်းပေးပို့သည်။

0 kommentarer:

Post a Comment