အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ သွားတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်တွေကို ဘားအံမြို့ခံ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။
ဒီကနေ့မနက်မှာ ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောကနေ ကရင်ပြည်နယ် ဘားအံမြို့ကို မွန်းလွဲ ၂ နာရီမှာ ရောက်ရှိပါတယ်။
ဘားအံမြို့ ဇွဲကပင်ဟိုတယ်ကို ရောက်ရှိချိန်မှာ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ သောင်းနဲ့ချီတဲ့ ကရင်ပြည်နယ်က လူထုတွေ ဒုံးအကတွေနဲ့ ကြိုဆိုကြတယ်လို့ ဒီပွဲကို သွားရောက်ခဲ့တဲ့ ဘားအံမြို့ခံတဦးက ပြောပါတယ်။
“၂ နာရီလောက် ဇွဲကပင် ဟိုတယ်ကို ရောက်တယ်။ ကေအန်ယူ ဗဟိုအဖွဲ့က အကုန်လုံး ၁၉ ယောက်၊ အစိုးရအဖွဲ့က ၀န်ကြီးချုပ်ဇော်မင်း ဦးစီးပြီးတော့ ဌာနဆိုင်ရာတွေ၊ ကျောင်းသူကျောင်းသားတွေ တော်တော်များတယ်။ လူကတော့ တသောင်းကျော်လောက် ရှိမယ်။ ကရင်ဒုံးယိမ်းနဲ့ ကြိုဆိုတယ်။ စီတန်းပြီး ပန်းကုံးတွေ စွပ်တယ်။ မနက်ဖြန်ကျရင် ရတခ သွားမယ်။ ညစာသွားစားမယ်။”
ဒီညနေပိုင်း အဲဒီဟိုတယ်မှာ နှစ်ဖက် ကိုယ်စားလှယ်တွေ စတင် ဆွေးနွေးနေပြီလို့ လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက်တွေက ပြောဆိုပြီး နက်ဖြန်ကျရင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ကေအန်ယူက အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမယ့် လုပ်ငန်းစဉ်ရဲ့ ပထမ အဆင့်မှာ တပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲဖို့ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်ဖို့ အပါအ၀င် ပြည်သူတွေရဲ့ ကြောက်ရွံမှု ရပ်တန့်နိုင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပါ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ကေအန်ယူဟာ ၂၀၀၄ ခုနှစ် အစောပိုင်းတုန်းက ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ကိုယ်တိုင် အပစ်ရပ်စဲရေးအတွက် ရန်ကုန်မှာ သွားရောက် ဆွေးနွေးခဲ့ဖူးပါတယ်။
ဒီတခေါက် ဆွေးနွေးမှုမှာတော့ ကေအန်ယူ ဗဟိုကော်မတီမကပဲ ခရိုင်၊ တပ်မဟာနဲ့ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်တွေပါ သွားရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။
ကေအန်ယူဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့ကစပြီး အစိုးရ အဆက်ဆက်ကို တိုက်ပွဲဝင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုခွဲအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အတော်များများ အပစ်ရပ်စဲပြီး အစိုးရဦးစီးတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ရောက်ခဲ့ကြပေမယ့် ကေအန်ယူက အပစ်ရပ်စဲခြင်း မရှိခဲ့ပါဘူး။
http://burmese.dvb.no/archives/19840







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment