http://mgphone1.blogspot.com/
ဒီကနေ့ နေပြည်တော်က ကြားရတဲ့ သတင်းတပုဒ်က။ သန်းရွေမိသားစုဟာ လက်ရှိအစိုးရကို ဆက်လက်ချုပ်ကိုင်ထားတယ်ဆိုတဲ့ သတင်းနဲ့။(၂၀၁၀) အတွင်းက အမေစုကို နေအိမ်အကျယ်ချုပ်ကနေ ပြန်မလွတ်ခင်မှာ ခင်ညွန့်နဲ့ ပတ်သက်တဲ့ သတင်းတပုဒ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့လာတာ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။အဲ့ဒီလိုဘာကြောင့်လုပ်တာလဲဆိုရင် သန်းရွေးက ခင်ညွန့်ကို ပါတီထောင်ပြီး (NLD)ကို ယှဉ်ပြိုင်ခိုင်းဖို့ စည်းရုံးတယ်လို့သိရပါသည်။ သူ့ရဲ့ စည်းရုံးပုံက အမေစုဟာ ပြန်လွတ်လာရင် နိုင်ငံရေး ဆက်လုပ်မှာသေချာတယ် အဲ့ဒီလို ဆက်လုပ်ရင်ဖွဲ့စည်းပုံထဲမှာ အကာအကွယ်အနေနဲ့ ထည့်ထားတဲ့ နိုင်ငံတော်က အပြစ်ဒဏ်ကျခံဖူးသူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်မပြုဆိုတဲ့ အပိုဒ်နဲ့ အခြားသောအပိုဒ်တွေကို အမေစုလွတ်လာရင် ဖျတ်သိမ်းပေးဖို့ သေချာပေါက်တောင်းဆိုလိမ့်မယ်။
အဲ့ဒီလို တောင်းဆိုလာရင် သူတို့အနေနဲ့ ဖျတ်သိမ်းပေးမယ်။အဲ့ဒီလို ဖျတ်သိမ်းပြီးနောက်မှာ နိုင်/ကျဉ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မင်းတို့အဖွဲ့တွေကိုပါ ပြန်လွတ်ပေးမယ်။ အဲ့ဒီလိုပြန်လွတ်အပြီးမှာ မင်းအနေနဲ့ ပါတီတခု ထူထောင်ပြီး ရှေ့ဆက်လုပ်ဆောင်ရမယ်။ အဲ့ဒီလိုလုပ်ဆောင်ဖို့အတွက် သူ့အနေနဲ့ အစစအရာရာ ပြင်ဆင်ပေးထားမှာဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များအနေနဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ဦးတည်ချက်တွေနဲ့ အာဏာရယူခဲ့သူတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးရမယ်ဆိုတဲ့ကတိတွေ တောင်းခဲ့တယ်လို့ သိရပါတယ်။ ဆက်လက် စုံစမ်းပါအုံးမယ်။ ခင်ညွန်ကို ထုတ်သုံးလိမ့်မယ်လို့ ကျွန်တော်ယူစနေပါတယ်။ ဒါပေမဲ့ အမေစုကို ထောက်ခံတဲ့ အင်အားက ဆက်လက်ခိုင်မာနေတော့ သန်းရွေအနေနဲ့ ရှေ့ဆက်တိုးဖို့ နဲနဲ တွန့်နေပုံရတယ်ဗျ။
20 December 2011
သန်းရွှေက ခင်ညွန့်ကို ပါတီထောင်ပြီး (NLD) ကို ယှဉ်ပြိုင်ဖို့စည်းရုံးခိုင်းသတဲ့
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment