1 December 2011

လူ နှစ်ဦးသေဆုံးသည့် မြစ်ကြီးနား မိုင်းပေါက်ကွဲမှု KIO ငြင်းဆို

KNG
1dec-myanmarလူနှစ်ဦး သေဆုံးစေသည့် မြစ်ကြီနားမြို့ ရှတာပရူ ကချင်ရိုးရာမနောကွင်း လမ်းဆုံက မိုင်းပေါက်ကွဲမှုကို KIA ၏ဖောက်ခွဲမှုဟု ဒီဇင်ဘာ ၁ ရက်၊ ယနေ့ထုတ် မြန်မာအစိုးရသတင်းစာ၏ဖော်ပြချက်အား KIO က ငြင်းဆိုလိုက်သည်။

“မြို့ထဲ ပစ်ခတ်ဖေါက်ခွဲ ဗုံးဖောက်ခွဲဖျက်ဆီးတာကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ မဟုတ် မမှန်စွပ်စွဲပြောဆိုချက်ကို ကန့်ကွက်ပါတယ်။” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ကွမ်ထပ်လာနန်က တုန့်ပြန်ပြောဆိုသည်။

တဆက်တည်းတွင် “KIA (Kachin Independence Army) နှင့် KIO (Kachin Independence Organization)” ဟူသော အသုံးအနှုန်းနှင့် စပ်လျဉ်း၍ KIO အဖွဲ့အောက် လုပ်ငန်းဌာနတစ်ခုအနေဖြင့် KIA ကို ဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း လာနန် က ရှင်းပြသည်။
nov30-bomb-myenနိုဝင်ဘာလ ၁၃ ရက်ကလည်း မြစ်ကြီးနားမြို့တွင် ကလေးငယ်များအပါအ၀င် လူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိစေသည့် ပြင်းထန်သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ၎င်းသည် အစိုးရ၏ လုပ်ရပ်ဖြစ်နိုင်သည်ဟု မြစ်ကြီးနား မြို့ခံများ ယူဆထားသည်။

ယခု မြန်မာအစိုးရသတင်းစာ၏ဖော်ပြချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

0 kommentarer:

Post a Comment