Written by KNG
ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်လမ်း မြန်မာအစိုးရတပ် စစ်ကားသုံးစီးအား ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် ၎င်း၏ အရပ်သားတပ်ဖွဲ့များ တိုက်ခိုက်ရာ အစိုးရစစ်သ ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရကြောင်း KIA ဆိုသည်။
ထိုသေဆုံးသူများထဲ ဗိုလ်ကြီးတဦးပါဝင်ကာ လက်နက်ငယ် ၆ လက် (MA-1 လေးလက်၊ MA-2 ၁ လက်၊ ပစ္စတို ၁ လက်) နှင့် MA-1 ကျည်ဆံ ၃၀၀၊ ဘဇူကာ ၁ လက်နှင့် ၎င်းကျည်ဖူး ၁ ခု သိမ်းဆည်းရမိသည်ဟု ဆိုသည်။
သရီးဂရောင်း (၆ ဘီးယက်)စစ်ကား သုံးစီးဖြင့် နမ်ယာကျေးရွာမှ ဆင်းလာကြသော နမ်မားအခြေစိုက် ခမရ (၃၈၆) စစ်သားများအား KIA တပ်ရင်း (၆) တပ်ခွဲ (၁)နှင့် အရပ်သားတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်လိုက်သည် ဟု သိရသည်။

KIA တပ်ရင်း ၆ တပ်သားများ။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment