KNG
မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တရုတ်ဖက်ခြမ်းရှိ ကချင်စစ်ပြေးဒုက္ခသည် အားလုံး နေရပ်ပြန်ကြရန် တရုတ်အစိုးရက ပထမအကြိမ် စတင်နှင်ထုတ်လာသည် ဟု ဒုက္ခသည်များ ပြောသည်။
ကချင်ဒုက္ခသည်များထံသို့လည်း တရုတ်အုပ်ချုပ်ရေးအရာရှိများနှင့်စစ်သားများ ရောက်ရှိလာကာ နေရပ်ပြန်ကြရန် မောင်းထုတ်သည်ဟု ဒုက္ခသည်များပြောသည်။
တရုတ်အရာရှိများက “မင်းတို့ ဒီမှာမနေကြနဲ့၊ မင်းတို့မြန်မာပြည်ကိုပြန်ကြပါ။” ဟု မနေ့က နှစ်ကြိမ် လာရောက် ပြောဆိုသွားသည်ဟု မြန်မာနယ်စပ် လွယ်ဂျယ်မြို့တဖက်ခြမ်း လာရင်း (La Ying) ရောက် စစ်ပြေးဒုက္ခသည်တစ်ဦး ပြောသည်။
ဒီဇင်ဘာ ၈ ရက်နေ့က ယူနန်ပြည်နယ်၊ ဒေဟောင် ကချင်နှင့်ရှမ်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံချွမ် အစိုးရအရာရှိ ၄ ဦးသည် နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၀ူရာဘွမ် (Ura Bum)ရုံးသို့ လာရောက်၍ ဒုက္ခသည်များ နေရပ်ပြန်ကြရန် ပြောဆိုသွားသည်ဟု ဆိုသည်။
သို့သော် ဒီဇင်ဘာ ၉၊ သောကြာနေ့ ညနေပိုင်းထိ ဒုက္ခသည်များ နေရပ် မပြန်ဘဲ တင်းခံနေသည်ကို “ဘယ်သူက ဖယ်ပေးကြမှာလဲ၊ ဟိုဖက်ကမ်းက နေလို့မှ မရတာ။ တရုတ်တွေ ဘယ်လိုပဲ မောင်းထုတ်မောင်းထုတ်၊ ကျောပိုးပြီး ခေါ်ထုတ်ပေမဲ့ ပြန်ဝင်လာမှာပဲ။” ဟု ဒုက္ခသည်တစ်ဦး ကချင်သတင်းဌာန သို့ ပြောသည်။
ယင်းနှင့်ပတ်သက်၍ KIO စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ က “မိမိတို့ ပြည်သူတွေကို တရုတ်နိုင်ငံထဲ ထွက်ပြေးဖို့ လမ်းညွှန်ခဲ့တာမဟုတ်ဘူး။ ဒါကို သဘောတူပါတယ် လို့ တရုတ်အစိုးရရှေ့မှာ ၀န်ခံမှာ မဟုတ်ဘူး။ ပြန်လို့ရတယ် မရဘူးဆိုတာ စစ်ရှောင်တဲ့ပြည်သူတွေက ဆုံးဖြတ်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာ နေလို့မရဘူးဆိုရင် KIO နယ်မြေမှာ လက်ခံဖို့လုပ်ထား တယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ်အရှေ့တောင်ဘက် KIA တပ်မဟာ ၃ ဒေသ တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်တစ်လျှောက် လာရင်းနှင့် နောင်တော (Nongdao) စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၇၀၀ ကျော် ရောက်ရှိနေသည်ဟု ယနေ့ထုတ် WPN စစ်ပြေးဒုက္ခသည်စာရင်းက ဆိုသည်။
၎င်းတို့သည် မန်မော် (ဗန်းမော်)မြို့နယ်၊ အင်မောက် (မိုးမောက်)မြို့နယ်၊ မန်ဂျေ (မံစီ)မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်(ရှမ်းမြောက်)များမှ စုစုပေါင်း ကျေးရွာ ၅၆ ခုမှဖြစ်သည်ဟု ကျေးရွာအမည်နှင့်တကွ ဖော်ပြထားသည်။
စာရင်းပြုစုသူ WPN (Wunpawng Ninghtoi) သည် KIO အရှေ့ပိုင်းတိုင်းဌာနချုပ် မိုင်ဂျာယန်အခြေစိုက် စစ်ပြေးဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံးဝ မရရှိသေးသည့်အပြင် ယခုနောက်ဆုံး တစ်လအတွင်း စစ်ပြေးဒုက္ခသည်များ ယခင်ထက် ၂ ဆ တိုးလာသည်။
ယခုအခါ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးကြသူများသည် မြန်မာအစိုးရထိန်းချုပ်သည့်မြို့ပေါ်ဒေသများ၊ KIO ထိန်းချုပ်သည့်တရုတ်နယ်စပ်ဒေသများနှင့် တရုတ်နိုင်ငံထဲသို့ ရောက်ရှိနေသူများ ၅၀၀၀၀ ကျော်ပြီဟု ဆိုသည်။

မန်ဝင်း တစ်ဖက်ကမ်း တရုတ်နယ်စပ် အထဲ ငါးနှောင်းပါ ယာယီဒုက္ခသည် စခန်း
ကချင်ဒုက္ခသည်များထံသို့လည်း တရုတ်အုပ်ချုပ်ရေးအရာရှိများနှင့်စစ်သားများ ရောက်ရှိလာကာ နေရပ်ပြန်ကြရန် မောင်းထုတ်သည်ဟု ဒုက္ခသည်များပြောသည်။
တရုတ်အရာရှိများက “မင်းတို့ ဒီမှာမနေကြနဲ့၊ မင်းတို့မြန်မာပြည်ကိုပြန်ကြပါ။” ဟု မနေ့က နှစ်ကြိမ် လာရောက် ပြောဆိုသွားသည်ဟု မြန်မာနယ်စပ် လွယ်ဂျယ်မြို့တဖက်ခြမ်း လာရင်း (La Ying) ရောက် စစ်ပြေးဒုက္ခသည်တစ်ဦး ပြောသည်။
ဒီဇင်ဘာ ၈ ရက်နေ့က ယူနန်ပြည်နယ်၊ ဒေဟောင် ကချင်နှင့်ရှမ်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံချွမ် အစိုးရအရာရှိ ၄ ဦးသည် နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၀ူရာဘွမ် (Ura Bum)ရုံးသို့ လာရောက်၍ ဒုက္ခသည်များ နေရပ်ပြန်ကြရန် ပြောဆိုသွားသည်ဟု ဆိုသည်။
သို့သော် ဒီဇင်ဘာ ၉၊ သောကြာနေ့ ညနေပိုင်းထိ ဒုက္ခသည်များ နေရပ် မပြန်ဘဲ တင်းခံနေသည်ကို “ဘယ်သူက ဖယ်ပေးကြမှာလဲ၊ ဟိုဖက်ကမ်းက နေလို့မှ မရတာ။ တရုတ်တွေ ဘယ်လိုပဲ မောင်းထုတ်မောင်းထုတ်၊ ကျောပိုးပြီး ခေါ်ထုတ်ပေမဲ့ ပြန်ဝင်လာမှာပဲ။” ဟု ဒုက္ခသည်တစ်ဦး ကချင်သတင်းဌာန သို့ ပြောသည်။ယင်းနှင့်ပတ်သက်၍ KIO စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ က “မိမိတို့ ပြည်သူတွေကို တရုတ်နိုင်ငံထဲ ထွက်ပြေးဖို့ လမ်းညွှန်ခဲ့တာမဟုတ်ဘူး။ ဒါကို သဘောတူပါတယ် လို့ တရုတ်အစိုးရရှေ့မှာ ၀န်ခံမှာ မဟုတ်ဘူး။ ပြန်လို့ရတယ် မရဘူးဆိုတာ စစ်ရှောင်တဲ့ပြည်သူတွေက ဆုံးဖြတ်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာ နေလို့မရဘူးဆိုရင် KIO နယ်မြေမှာ လက်ခံဖို့လုပ်ထား တယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ်အရှေ့တောင်ဘက် KIA တပ်မဟာ ၃ ဒေသ တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်တစ်လျှောက် လာရင်းနှင့် နောင်တော (Nongdao) စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၇၀၀ ကျော် ရောက်ရှိနေသည်ဟု ယနေ့ထုတ် WPN စစ်ပြေးဒုက္ခသည်စာရင်းက ဆိုသည်။
၎င်းတို့သည် မန်မော် (ဗန်းမော်)မြို့နယ်၊ အင်မောက် (မိုးမောက်)မြို့နယ်၊ မန်ဂျေ (မံစီ)မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်(ရှမ်းမြောက်)များမှ စုစုပေါင်း ကျေးရွာ ၅၆ ခုမှဖြစ်သည်ဟု ကျေးရွာအမည်နှင့်တကွ ဖော်ပြထားသည်။
စာရင်းပြုစုသူ WPN (Wunpawng Ninghtoi) သည် KIO အရှေ့ပိုင်းတိုင်းဌာနချုပ် မိုင်ဂျာယန်အခြေစိုက် စစ်ပြေးဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံးဝ မရရှိသေးသည့်အပြင် ယခုနောက်ဆုံး တစ်လအတွင်း စစ်ပြေးဒုက္ခသည်များ ယခင်ထက် ၂ ဆ တိုးလာသည်။
ယခုအခါ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးကြသူများသည် မြန်မာအစိုးရထိန်းချုပ်သည့်မြို့ပေါ်ဒေသများ၊ KIO ထိန်းချုပ်သည့်တရုတ်နယ်စပ်ဒေသများနှင့် တရုတ်နိုင်ငံထဲသို့ ရောက်ရှိနေသူများ ၅၀၀၀၀ ကျော်ပြီဟု ဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment