
၁၂ လကို တစ်နှစ်ဟု သတ်မှတ်ထားရာ ၁၂ လ ကုန်တိုင်း ကုန်တိုင်း နှစ်ကူးလျှင် နှစ်သစ်ကူးဟု ခေါ်ကြသည်။ ကျန်ခဲ့သော
နှစ်ကို နှစ်ဟောင်း၊ ပြောင်းရမည့် နှစ်ကို နှစ်သစ်၊ ထိုသို့ သတ်မှတ်ကြသည်။
ထို နှစ်သစ်ကူးပွဲတော်ကိုလည်း သူ့လူမျိုး၊ သူ့နိုင်ငံ၊ သူ့ဘာသာ၊ သူ့ဓလေ့အရ
ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲ၍ နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်တွေက
နှစ်ကူးတိုင်းကူးတိုင်း သစ်ခဲ့သည်။ လူကကောလိုက်၍ သစ်ပါရဲ့လား။
စိတ်ကကောလိုက်၍ သစ်ပါရဲ့လား။
နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်းဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည် .
( နှစ်သစ်ဆုတောင်း ကဗျာ )
သွေးရင်းတို့ရယ်...
ရင်းနှီးစို့ကွယ်...
နှစ်ဟောင်းကုန်လို့......
.နှစ်သစ်လောင်း.
.အချိန်တွေဟာ ပြောင်းလဲခဲ့ပြန်ပြီ..
.လာကွယ်..အတူကွယ်.
.အနာဂတ်သစ်ဆီသို့...
.တို့လှမ်းသစ်ချီကြစို့......
အချိန်တွေလည်းနှောင်းခဲ့ပြီ.....
.နှစ်တွေလည်းပြောင်းခဲ့ပြီ....
.တို့တွေရင်ထဲ
မမေ့သင့်တာ မမေ့ကြဖို့ရယ်..
.မေ့သင့်တာ အတွေးစတွေဖျောက်ကြလို့ရယ်..
တို့ခေတ်မှာ..တို့လက်တွေ ခိုင်မြဲကြစေရင်း..
ရောင်းရင်းညီအကိုမကွဲကြစေနဲ့လေ။..
.နှစ်သစ်မှာ စိတ်သစ်နဲ့တွေးလို့...
စနစ်ဟောင်းတွေကို တွန်းလှန်ကြရင်း...
.အေးအတူပူအမျှ အတူတကွနေ..
.အေးအတူပူအမျှ အတူတကွ ရင်ဆိုင်..
.အေးအတူပူအမျှ..
၊အမိမြေ ၊အမိမွေ..
စိုပြေလှပ သာယာကြစေဖို့..
ညီညာထကြွ လုံလပြုပါလေ.
.နှစ်သစ်အခါချိန်..
.စိတ်ညစ်စရာတွေချန်ထား.
.စိတ်ဓာတ်အားမာန်တွေ ၊ မွေး၇င်း
နေ့သစ်ေ၇ာင်နီ လင်းလတ်ပါစေသော်..။
ရင်းနှီးစို့ကွယ်...
နှစ်ဟောင်းကုန်လို့......
.နှစ်သစ်လောင်း.
.အချိန်တွေဟာ ပြောင်းလဲခဲ့ပြန်ပြီ..
.လာကွယ်..အတူကွယ်.
.အနာဂတ်သစ်ဆီသို့...
.တို့လှမ်းသစ်ချီကြစို့......
အချိန်တွေလည်းနှောင်းခဲ့ပြီ.....
.နှစ်တွေလည်းပြောင်းခဲ့ပြီ....
.တို့တွေရင်ထဲ
မမေ့သင့်တာ မမေ့ကြဖို့ရယ်..
.မေ့သင့်တာ အတွေးစတွေဖျောက်ကြလို့ရယ်..
တို့ခေတ်မှာ..တို့လက်တွေ ခိုင်မြဲကြစေရင်း..
ရောင်းရင်းညီအကိုမကွဲကြစေနဲ့လေ။..
.နှစ်သစ်မှာ စိတ်သစ်နဲ့တွေးလို့...
စနစ်ဟောင်းတွေကို တွန်းလှန်ကြရင်း...
.အေးအတူပူအမျှ အတူတကွနေ..
.အေးအတူပူအမျှ အတူတကွ ရင်ဆိုင်..
.အေးအတူပူအမျှ..
၊အမိမြေ ၊အမိမွေ..
စိုပြေလှပ သာယာကြစေဖို့..
ညီညာထကြွ လုံလပြုပါလေ.
.နှစ်သစ်အခါချိန်..
.စိတ်ညစ်စရာတွေချန်ထား.
.စိတ်ဓာတ်အားမာန်တွေ ၊ မွေး၇င်း
နေ့သစ်ေ၇ာင်နီ လင်းလတ်ပါစေသော်..။
နန်းယမင်း






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment