ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သောကြာနေ့တွင် ကျင်းပသော ဗဟိုဦးစီးကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
တိုင်းနှင့်ပြည်နယ် ရုံးခွဲများမှ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးလုံးက ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးကြပြီး အသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ မှတ်ပုံတင်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်။ အဲဒါကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါတယ်။” ဟု ဦးအုန်းကြိုင်က ပြောသည်။

ဆွေးနွေးပွဲရပ်နားချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့ရသည့် ဧရာဝတီတိုင်း ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် ဦးမန်းဂျော်နီ။ ဓာတ်ပုံ- မဇ္ဈိမ
ဆွေးနွေးပွဲရပ်နားချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့ရသည့် ဧရာဝတီတိုင်း ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် ဦးမန်းဂျော်နီ။ ဓာတ်ပုံ- မဇ္ဈိမ
ဗဟိုဦးစီးကော်မတီ အစည်းအဝေးပွဲအပြီး မြင်ကွင်း :: ဗဟိုဦးစီးကော်မတီ အစည်းအဝေးပွဲတွင်
ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် သဘောတူ ဆုံးဖြတ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အတွင်းမှ ပြန်လည် ထွက်ခွာစဉ် စောင့်ဆိုင်းနေသူများကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၁၈ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။။ ဓာတ်ပုံ- မဇ္ဈိမ NLD အဖွဲ့ချုပ်ရုံး အဆောက်အဦးနှင့် စောင့်ဆိုင်းနေသည့် သတင်းထောက်များ :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ဗဟိုဦးစီးကော်မတီ အစည်းအဝေးပွဲ ကျင်းပနေသည့် အဖွဲ့ချုပ်ရုံးအဆောက်အဦးနှင့် စောင့်ဆိုင်းနေသည့် သတင်းထောက်များကို နိုဝင်ဘာလ ၁၈ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ NLD အဖွဲ့ချုပ်ရုံးအတွင်း ပျော်ရွှင်စွာ ကခုန်နေသူများ :: ဗဟိုဦးစီး ကော်မတီ အစည်းအဝေးပွဲတွင် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ဝင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအတွင်း ပျော်ရွှင်စွာ ကခုန်နေသူများကို နိုဝင်ဘာလ ၁၈ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်တင် :: ပါတီ မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ဝင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်တင်ကို နိုဝင်ဘာလ ၁၈ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
ပါတီအနေဖြင့် ယတိပြတ် မပြောနိုင်သေးသော်လည်း လစ်လပ်နေသော မဲဆန္ဒနယ် အကုန်လုံး သို့မဟုတ် အများစု ကို ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။
ပြည်နယ်/တိုင်း တခုကို နှစ်ဦးကျ ဆွေးနွေးခွင့်ပြုထားသော်လည်း သဘောထားတူသဖြင့် တဦးစီသာ ဆွေးနွေးပြီး အားလုံးက မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြပြီး ကန့်ကွက်သူ မရှိဟု ဆိုသည်။
“နောက်ဆုံးကျတော့ စီအီးစီ (ဗဟိုဦးစီးကော်မတီ) ကနေပြီးတော့ အများသဘောတူ ဒီဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ကြောင်း မူကြမ်း ရေးလိုက်တာပေါ့ဗျာ။ ပြီးတော့ အများသဘောဆန္ဒ ယူလိုက်တာပေါ့။ အားလုံးက အသံနဲ့ပဲ သဘောတူကြောင်း ဆုံးဖြတ်လိုက်ကြတယ်။”ဟု ပြောသည်။
တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၁၆ ဦးမှ ၁၀၆ ဦးတက်ရောက်ပြီး ကျန်းမာရေး မကောင်းသူ သုံးဦး၊
ထောင်ကျခံရဆဲဖြစ်သော ဒေါ်ဝင်းမြမြ၊ ဦးညီပု၊ ဒေါက်တာတင်မင်းထွဋ် အပါအဝင် ခြောက်ဦး၊ ခရီးလွန်နေသူ
တဦး စုစုပေါင်း ၁၀ ဦး ပျက်ကွက်သည်ဟု ဆိုသည်။
ကျန်းမာရေး မကောင်းသူ သုံးဦးမှ မန္တလေးတိုင်းမှ ဒေါက်တာသိန်းလွင်သည် ကြာသာပတေးနေ့၌ လေဖြတ်သွား
ခြင်း ဖြစ်သည်။
ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းတို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ကယား ပြည်နယ် NLD မှ ဆက်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။
“ကယားကလည်း ထူးထူးခြားခြား ဒီတခါ ဆက်သွယ်ရေး ကိုယ်စားလှယ် အဖြစ်နဲ့ တက်တယ်။ ကယားမှာ ကျနော် တို့ ရုံးမရှိသေးဘူး။ ပြည်နယ်စည်း မဖွဲ့နိုင်သေးဘူး။ ကြာပြီ။” ဟု ဦးအုန်းကြိုင်က ပြောသည်။
အထုတ်ပယ်ခံရသူ၊ ကွယ်လွန်သွားသူ အမတ်များနှင့် ဗဟိုအစိုးရနှင့် ပြည်ထောင်စု အဆင့်အဖွဲ့များအတွင်း ရာထူး လက်ခံရယူလိုက်သော အမတ်များ၏ မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပလိမ့်မည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment