KNG
နိုဝင်ဘာလ ၃၀၊ ယနေ့ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်အလယ်ပိုင်း တာလောကြီးရွာသို့ မြန်မာအစိုးရတပ်မှ လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်မှုတွင် အပြစ်မဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများ ပြောသည်။သေဆုံးသူမှာ ရှမ်းအမျိုးသမီး ဒေါ်ဆင့်ဖြစ်ပြီး ဒဏ်ရာရရှိသူများ တလောကြီးပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု ဒေသခံများဆိုသည်။
၎င်း ပစ်ခတ်မှုအား မြန်မာစစ်တပ် မိုးကောင်း စကခ-၃ လက်အောက်ခံ နမ္မတီးနယ်မြေခံ ခမရ (၃၈၂) နှင့် နမ်းမားနယ်မြေခံ ခမရ (၃၈၅)တို့ စုပေါင်းပါဝင်သောစစ်ကြောင်းမှ ပြုလုပ်သည်ဟု ရွာသားများဆိုသည်။
ဧရာဝတီမြစ် အနောက်ဘက်မှ အရှေ့ဘက် တာလောကြီးရွာသို့ အကူး ယင်းမြန်မာစစ်ကြောင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားစစ်သားများ စောင့်ကြိုတိုက်ခိုက်ခံရခြင်းကို တုန့်ပြန်သည့်အနေဖြင့် ရွာထဲ လက်နက်ကြီး ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများနှင့် ဒေသဆိုင်ရာ KIA အရာရှိများဆိုသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များ တရုတ်နယ်စပ် ရွှေလီမြို့တွင် ငြိမ်းချမ်းရေး တွေ့ဆုံစကားပြောအပြီး နောက်တနေ့တွင် ယခုဖြစ်ရပ် ဖြစ်ပေါ်လာသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment