http://phutarmite.blogspot.com
ဟောင်ကောင်ကို ဆေးဝါးကုသခံယူဖို့အသွား မနီလာလေဆိပ်မှာ အာဏာပိုင်တွေ တားမြစ်တာခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Gloria Arroyo (နိုဝင်ဘာလ ၁၅၊ ၂၀၁၁)
ဓာတ်ပုံ ASSOCIATED PRESS
သောကြာ, 18 နိုဝင်ဘာ 2011
ဖိလစ်ပိုင်သမ္မတဟောင်းကို ဖမ်းဆီး
By ဗွီအိုအေ (မြန်မာဌာန)
ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာ မက်ကာပါဂဲလ် အာရိုယို (Gloria Macapagal Arroyo) ကို ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ကြီးကြီးမားမား လုပ်ဆောင်ခဲ့မှုနဲ့ ဖိလစ်ပိုင် တရားရုံး တစ်ရုံးကနေ ဒီကနေ့ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။
သမ္မတဟောင်း မစ္စ် အာရိုယိုဟာ မဲမသမာမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တသက်တကျွန်း ကျခံရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က မစ္စ် အာရိုယိုနဲ့ ခင်ပွန်းဖြစ်သူတို့ အရိုးဘက်ဆိုင်ရာ ဆေးကုသဖို့ ဖိလစ်ပိုင်ကနေ နိုင်ငံခြားကိုသွားဖို့ ခရီးအထွက် မနီလာလေဆိပ်မှာ အာဏာပိုင်တွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Philippines-11-18-11-134121648.html







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment