
FNG၊ ၊ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ တွင် ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ပြီး ၊ အမဲသား ငါး
များ လို တုံးတစ် ၍ ချက် ပြုတ်ရန် စီစဉ် နေ သည့် အမျိုး သမီး တစ်ဦး အား ဒေသခံ ရဲတပ် ဖွဲ့ က
ဗုဒ္ဓဟူးနေန့ ကဖမ်းဆီး လိုက်ပြီး နှစ်ရက် အကြာတွင် သတင်း ထုတ် ပြန် သည် ဟု CNN ရုပ်သံ
သတင်းတွင်ထုတ် လွှင့် သွား သည်။
အသက် ၃၂ နှစ် ( အချို့  သတင်း များ တွင် ၄၂ နှစ်) အရွယ် ရှိ ဇိနတ် ဘီဘီ သည် အသက် ၁၇
နှစ် အရွယ် ရှိ သူမ ၏ သမီး ဖြစ်သူ အား လိင်ပိုင်း ဆိုင်ရာ စော်ကား မှု ပြု ရန် ကြံစီ သောကြောင့်
သတ် ဖြတ် ရ ခြင်း ဖြစ်သည် ဟု ဆိုသည်။
သန် မာ လှ သော သူ့  ခင်ပွန်း ကို လက်ဖက် ရည် ထဲ တွင် အိပ်ဆေး များ ခတ် ကာ အိပ်ပျော်နေ
ချိန် ရောက် မှာ ကြိုး နှင့် တုပ်ပြီး သတ် ဖြတ် ရခြင်း ဖြစ် သည် ဟု ဇိနတ် ဘီဘီ က ကရာ ချိ ရဲ
များ ကို အစစ်ခံသည်။
သတ်ဖြတ် မှု တွင် ကြံရာ ပါ နှင့် ကူညီ ခဲ့ သည့် ဇိနတ် ဘီဘီ ၏ တူ ကို လည်း ရဲတပ် ဖွဲ့  က ဖမ်း
ဆီးထား သည် ဟု သိရသည်။
သူမ ၏ ခင်ပွန်း ကို သတ်ဖြတ် ပြီး နောက် ဆင်းရဲ သည် က တစ်ကြောင်း ၊ အလောင်းဖျောက်ရန်
အခက် အခဲ ရှိ သည် က တစ်ကြောင်း တို့  ကြောင့် တုံး တစ်ပြီး ချက် ပြုတ် စား ရန် စီစဉ် ခြင်း
ဖြစ်သည် ဟု CNN တိုက်ရိုက် ရုပ်သံ တွင် သူမ က ပြောကြား ခဲ့ သည်။
ခင်ပွန်း ကို သတ် ဖြတ် ပြီး နောက် ချက် ပြုတ် ရန် အတွက် စီစဉ် နေခိုက် အနံ အသက် ဆိုးများ
ထွက်လာ ချိန် တွင် အိမ်နီးနားချင်း များ က သိရှိ ပြီး ရဲစခန်း သို့  အကြောင်းကြား ရာ မှ အသား
တုံးများ ဦးခေါင်းများ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်သည်။
ဖမ်းဆီး ရ မိ ချိန် တွင် ပေါင် သား အချို့  ကို မဆလာ နိုင် နိုင် နှင့် ချက်နေ ပြီ ဖြစ်သည်။

ခင်ပွန်း ကို သတ်ပြီး ချက် စား သူ ဇိနတ်ဘီဘီ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment