Bangkok Post သတင်းစာ
နိုဝင်ဘာ ၁၅၊ ၂၀၁၁
နိုဝင်ဘာ ၁၅၊ ၂၀၁၁
ထိုင်းနိုင်ငံ Chanthaburi ဒေသ အနှိပ်ခန်းတခုရှိ မြန်မာအမျိုးသမီး ၇၀ ခန့်ကို ကယ်တင်နိုင်ခဲ့သည်။ ၎င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ၁၈ နှစ်အောက် ဖြစ်သည်။ထိုအမျိုးသမီးများကို ထိုဒေသရှိ လူမှုဖွံ့ဖြိုးရေးနှင့်လုံခြုံရေးဝန်ကြီးဌာန အရာရှိများက ဂရုစိုက်စောင့်ရှောက်ထားကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ အထူးစုံစမ်းစစ်ရေးဌာန ရဲဗိုလ်မှူးကြီး Komvich Pathanarat က ပြောသည်။
၂လ၊ ၃ လကြာ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးပါက နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်မည်ဟု ၎င်းက ပြောသည်။
အမျိုးသမီးတချို့က ပြည့်တန်ဆာလုပ်ငန်းတွင် လုပ်ကိုင်ရန် ထိုင်းသို့ ရောက်လာခြင်းဖြစ်ပြီး တချို့ကမူ ပြည့်တန်ဆာဘ၀သို့ ရောက်ရန် အတင်းအကျပ် ခိုင်းစေခံရသူများဖြစ်သည်ဟု ၎င်းက ပြောသည်။
“တ၀က်လောက်က အသက်မပြည့်သေးဘူး။ ၁၈ နှစ်ထက် ကျော်သေးပုံ မရဘူး။ အရေအတွက် ဘယ်လောက်က ပြည့်တန်ဆာအဖြစ် အတင်း တွန်းပို့ခံရသလဲ ဆိုတာကို ကျနော်တို့ စုံစမ်းနေပါတယ်။ သူတို့ကို ဘယ်သူတွေက ဒီလိုဖြစ်အောင် လုပ်ခဲ့သလဲ ဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ စုဆောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်လကုန်ပိုင်းတွင် Global Alliance Against Traffic in Women ခေါ် အမျိုးသမီးများ လူကုန်ကူးခံရမှု ဆန့်ကျင်ရေးအဖွဲ့တခုက အထူးစုံစမ်းစစ်ရေးဌာနသို့ Khon အမည်ရှိ အသက် ၁၆ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးနှင့် ပတ်သက်ပြီး အကူအညီတောင်းခံရာမှ ဤ ကယ်တင်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထိုအမျိုးသမီး၏ အဒေါ်ဖြစ်သူက ထိုင်းနိုင်ငံတွင် သူ့တူမပျောက်ဆုံးနေကြောင်း လူကုန်ကူးခံရမှု ဆန့်ကျင်ရေးအဖွဲ့သို့ အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။
နောက်ပိုင်းတွင် သူ၏ တူမက Chanthaburi ဒေသ အနှိပ်ခန်းတခုတွင် ခိုင်းစေခံနေရကြောင်း တယ်လီဖုန်းဆက် အကြောင်းကြားသဖြင့် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲဗိုလ်မှူးကြီး Komvichက ပြောသည်။
သူ၏ တူမက အနှိပ်ခန်းတွင် ပြည့်တန်ဆာအဖြစ် ၂ လကြာ ခိုင်းစေခံခဲ့ရကြောင်း၊ ငွေကြေး မရရှိကြောင်း ပြောပြခဲ့သည်။
ရဲဗိုလ်မှူးကြီး Komvichက အနှိပ်ခန်းသို့ ဖောက်သည် ယောင်ဆောင်ပြီး ထိုမိန်းကလေးကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အထူးစုံစမ်းစစ်ရေးဌာနက Chanthaburi ဒေသ တရားရုံးထံမှ ၀ရမ်း ရယူပြီး အနှိပ်ခန်းကို ၀င်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment