ဘာပဲ လုပ်လုပ်..
ဘယ်လို နေနေ..
တစ်ဖတ်ကန်းတွေအမြင်တွတ်..
တစ်ဖတ်ပဲ ရောက်ရောက်သွားတာ အံပါရဲ့လေ..။
ကိုယ့်ကိုယ်ကိုတော့..
လူကောင်းပဲ..
ကိုယ့်ခေါင်းတွေ..
ဟောင်းလောင်းဖြစ်နေတာမသိတဲ့ လူတွေ။
ကိုယ့်ကိုယ်ကိုတော့..
သူရဲကောင်းပဲ..
ပုဆိုးခေါင်းထဲက လတ်သီးဆုပ်ပြတဲ့ လူတွေ..။
ကိုယ့်ကိုယ်ကိုတော့..
မျှတသူပဲ ..
ကိုယ့်အတ္တတွေ အစွန်းရောက်နေတာတော့
မသိတဲ့လူတွေ..။
အမှန်လုပ်လို့ အမှန်မမြင်...
ငြိမ်းချမ်းခြင်းဖျက်ဆီးသူတွေလို့..
စွပ်စွဲခံရချည့်ရဲ့...
အမှန်စစ်ဆို အသံဟစ်ဖို့မှ
မလိုတာ...
ကိုယ့်လက်နက်ကိုယ်ကိုင်..
သူမမှန်ရင်ပြန်ချ...
ဒါ သဘာဝပဲ။
ငါ့တို့ခေါင်းမှာ...
ငါ့တို့ အမျိုးရှိတယ်..
ငါ့တို့ သွေးမှာ ကရင့်သွေးရှိတယ်..
အသက်ချွေးသွေး..
စတေးသူတွေမှ အားမနာ...
သူတစ်လူငါတစ်မင်း...
သူတစ်ဖတ်ငါတစ်ဖတ်နဲ့..
သူပိုး ငါ့စကော....
သူ့စကား ငါ့စကား...
သူ့တရား ငါ့တရား... သူ့ဘာသာ ငါ့ဘာသာနဲ့
ဘာ..ဘာ..ဘာ..ဘာတွေပါးစပ်ပိတ်..
လက်တွေ့ ပေးဆပ်သူတို့..
ဘဝစာနာ....
ငတ်.သေ..ပျက်..ကွဲ..မခွဲနဲ့...
ပျော်လို့ တိုက်ခြင်းမဟုတ်...
ပျင်းလို့ ခိုက်ခြင်းမဟုတ်....
ငြိမ်းချမ်းမူ့ပျက်သုဉ်းစေခြင်းတွတ်မဟုတ်..
နောက်လိုက်ဆိုတာ...
နောက်လိုက်အတွေးပဲရှိတယ်..
နန်းယမင်း






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment