Friday, November 11, 2011 (ကိုးဒီသွေး)
ဒီနှစ် (၅၆)ကြိမ်မြောက်၊ ကရင်ပြည်နယ်နေ့ ကရင့်ရိုးရာဒုံးအက ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို ယမန်နေ့ည နိုဝင်ဘာ (၁၀)ရက်နေ့မှာ ယှဉ်ပြိုင်ကပြကြပါတယ်။
ဒီဒုံးပြိုင်ပွဲမှာ ပြီးခဲ့တဲ့(၅၄)နှစ်မြောက်တုန်းက ထိုက်ထိုက်တန်တန် ပထမဆုရရှိသွားတဲ့ မြ၀တီကိုယ်စားပြုဒုံး အဖွဲ့ကပဲ ထပ်မံပထမဆုကို ဆွတ်ခူးခဲ့ပြီး ဒုံးနည်းပြဆရာ စဘီဂျင်ဦးက ကိုင်တွယ် သင်ကြားပေးတာဖြစ်ပါ တယ်။
ဒုတိယဆုအနေနဲ့ ဒုံးနည်းပြဆရာစောမြင့်သူကိုင်တွယ်သင်ကြားတဲ့ ပေါ့ထော်ကျေးရွာ ကိုယ်စားပြုဒုံးအဖွဲ့က ရရှိခဲ့ပြီး ဆရာလှတွေး(ခလို)ရဲ့ မြို့တော်ဒုံးက တတိယဆုရရှိခဲ့ပါတယ်။
ရာဓနာ.(ဆုတောင်း)အနေနဲ့ မြို့တော်ဒုံးက ပထမ၊ မြ၀တီက ဒုတိယ၊ ပေါ့ထော်က တတိယ အသီးသီး ရရှိကြပြီး သီချင်းဆုကိုတော့ ကော့ကရိတ်ဒုံးအဖွဲ့က ဆွတ်ဆူးသွားခဲ့ပါတယ်။
မကြာခင်မှာ မြ၀တီကိုယ်စားပြုဒုံးနည်းပြဆရာ စဘီဂျင်ဦးနဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment