လူ့ဘဝကိုဖြတ်သန်းကျင်လည်တဲ့ နေရာမှာ
တချို့ တချို့ တချို့သော မိန်းကလေးတွေဟာ
ဆင်းရဲနွမ်းပါးမှုဒဏ်ကိုခံနိုင်ရည်စွမ်းမရှိလို့
သူတို့ဘဝနဲ့ ရင်းပြီး ငွေရှာသူကရှာ
ဖောက်ပြန်ပျက်စီးသူကပျက်စီးကြ။
နိုင်ငံတော်အစိုးရဝန်ထမ်းတွေ ဘဝမှာလည်း
တချို့ တချို့ တချို့သော ဝန်ထမ်းတွေဟာ
ရတဲ့လစာလေးနဲ့ စားမလောက်ကြလို့
သူတို့ရဲ့ဂုဏ်သိက္ခာကို ငွေနဲ့လှဲသူကလှဲ
ထောင်နန်းစံသူကစံ။
လူ့ဘဝကိုဖြတ်သန်းလှုပ်ရှားတဲ့ နေရာမှာ
တချို့ တချို့ တချို့သော ယောကျာင်္းတွေဟာ
ချမ်းသာကြီးပွားမှုဒဏ်ကို ခံနိုင်ရည်စွမ်းမရှိလို့
သား မယားမသိဖောက်ပြန်ပျက်စီးသူကပျက်စီး
တော်လှန်ရေးသမားတွေ ဘဝမှာလည်း
တချို့ တချို့ တချို့သော တော်လှန်ရေးသမားတွေဟာ
နှစ်ပေါင်းများစွာ တောထဲတောင်ထဲမှာ...နေ
သူတို့ရဲ့အသက်နဲ့ဘဝကို ရင်းပြီး
ကိုယ့်လူမျိုးကိုယ့်ပြည်နယ် လွတ်မြောက်ဖို့အတွက်
တိုက်ပွဲဝင်ဆင်နွဲ့နေတာ ဂုဏ်ယူမဆုံး။
ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးတိုးတက်ငြိမ်းချမ်းဖို့အတွက်
ငြိမ်းချမ်းရေးလုပ်တဲ့ အဖွဲ့တွေ ရေတွက်လို့မနိုင်
ဘယ်လောက်များလုပ်ပေးပြီလဲ ? ဘယ်လောက်များတိုးတက်နေပြီလဲ?
ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေတိုးတက်ငြိမ်းချမ်းဖို့မပြောနဲ့
မင်းတို့တွေရောက်လာမှ ငါ့တို့ကရင်ပြည်သူတွေ
ပိုဒုက္ခရောက် ပိုကြောက်နေရ
ပိုဒုက္ခရောက် ပိုကြောက်နေရ
ငြိမ်းတစ်ဖွဲ့လောက်ပဲ တိုးတက်ချမ်းသာတာတွေ့ပါတယ်
မင်းတို့သိပ်ချစ်တဲ့ ပြည်သူအခုဘယ်မှာလဲ? ဘယ်မှာလဲအမျိုးသားအရေး?
မင်းတို့ရဲဘော်တွေကို အစိုးရဖမ်းပြီး သတ်လိုက်တာ ဘာများလုပ်ပေးနိုင်လဲ ?
ငြိမ်းချမ်းရေးခေါင်းစဉ်တတ် ထိုဗိုလ်ချုပ်ကိုကပ် ဒီဗိုလ်ချုပ်ကိုဖား
သခင်အားရမှ ကျွန်ဝမ်းဝမယ့်
ငြိမ်းချမ်းရေး မလိုဘူး…မလိုဘူး…မလိုဘူး…။
ငြိမ်းချမ်းရေး မလိုဘူး…မလိုဘူး…မလိုဘူး…။
နန်းယမင်းဝေ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment