by ဒီဗွီဘီ
ဒီ ကေဘီအေ – တိုးတက်သော ကရင်အမျိုးသား ဗုဒ္ဓဘာသာတပ်မတော် နဲ့ အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိသွားပြီဖြစ်ပါတယ်။
ဘား အံမြို့ကို မနေ့က သွားရောက်ခဲ့တဲ့ ဒီကေဘီအေ ကိုယ်စားလှယ် အဖွဲ့ဝင် ၇ ဦးဟာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးနောက် ဒီလ နိုဝင်ဘာ ၅ ရက်နေ့မှာ အပစ်အခတ်ရပ်စဲ ရေး ကြေညာပြီး ၆ ရက်နေ့မှာ ကရင်ပြည်နယ်တခုလုံးမှာ အပစ်အခတ်ရပ်စဲသွားဖို့ သဘောတူလိုက်ကြတယ်လို့ ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလဲဘွဲ ခေါ် ဗိုလ်ချုပ်နှုတ်ခမ်းမွေးက ဒီဗွီဘီကို ပြောကြားပါတယ်။
ကျန် နောက်ဆက်တွဲကိစ္စတွေကိုတော့ ရှေ့ဆက်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
နယ်ခြား စောင့်တပ်ကို အသွင်ပြောင်းဖို့ ငြင်းဆန်ပြီး မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲနေ့က စပြီး အစိုးရတပ်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ ဗုဒ္ဓဘာသာတပ်မတော်တပ်ဖွဲ့က အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အစိုးရဘက်နဲ့ ကရင်ပြည်နယ်ဝန်ကြီးရုံးမှာ အောက်တိုဘာ ၂၆ ရက်က ပဏာမ ဆွေးနွေးခဲ့ပါတယ်။
http://burmese.dvb.no/archives/17352
4 November 2011
ဒီကေဘီအေနှင့်အစိုးရ နိုဝင်ဘာ ၆ ရက်နေ့ တရားဝင် အပစ်အခတ် ရပ်စဲမည်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment