7Day News Journal
news
ပခုက္ကူမြို့ ရွှေ ချောင်း ရေ လျှပ်တစ်ပြက် ရေကြီး စဉ်သားသမီး ငါးဦး ရေထဲ သို့မျှော်ပါဆုံးရှုံးခဲ့သော အမှတ်(၃)ရပ်ကွက် ကလေးများ၏ မိဘ များဖြစ် သော
ဦးဇော်ထွန်း (၃၈နှစ်)နှင့် ဒေါ်ပပစိုး(၃၃နှစ်)တို့အား အောက်တို ဘာ ၂၄ရက်တွင် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။ သားသမီး ခြောက်ဦး ရှိသော ဒေါ်ပပစိုးနှင့် ဦးဇော်ထွန်းတို့ မှာ အငယ်ဆုံးကလေး ငယ် တစ်ဦး သာ ကျန်ခဲ့ပြီး ငါးဦးကိုဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ချောင်းရေကျတဲ့ညက အဖြစ်အ ပျက်ကို ပြန်ပြောပြပေးပါလား။
ဒေါ်ပပစိုး- တစ်ညလုံး ကလေး တွေရော ကျွန်မတို့ရော မအိပ်နိုင် ဘူး ။ မနက်မိုးလင်းခါနီးမှ အိပ်ပျော် သွားတာ။ အိမ်နီးနားချင်းတွေက နှိုးမှ ကြည့်လိုက်တော့ ချောင်းရေ တွေက စီးနေပြီ။ ချောင်းအလယ် မှာရှိတဲ့ အိမ်အမြင့်ကြီးတစ်လုံး ပေါ်ကို ကျွန်မရော ကလေးတွေ ရော မနက် ၅ နာရီလောက်မှာ ပြေး တက်ခဲ့တယ်။ မနက် ၆ နာရီ လောက်ကျတော့ အိမ်ကြီးကို အနောက်က ရေစီးထဲမျောလာ တဲ့ အဆောက်အအုံကြီးတစ်ခုက ဝင်တိုက်တော့ အိမ်ကြီးလဲသွား ပြီး ကလေးတွေ ချောင်းရေထဲပါ သွားတော့တာပဲ။
ချောင်းထဲမှာ ဘယ်အချိန်လောက် အထိ အစ်မကလေးတွေနဲ့ အတူတူရှိနေခဲ့သလဲ။
ဒေါ်ပပစိုး- ၆ နာရီလောက်အထိ ပါပဲ။ ကလေးတစ်ယောက်ကိုချီ ထားပြီး ကလေးတစ်ယောက်ကို လက်က ဆွဲထားတာ။ လှိုင်းပုတ် လိုက်တော့ အကုန်လုံး လွင့်ကုန် တယ်။ အင်္ကျီစတွေ လှမ်းဆွဲလိုက် ပေမယ့် မမီတော့ဘူး။
ကလေးတွေနဲ့ ကွဲပြီးနောက်ပိုင်း လွတ်မြောက်လာပုံလေးပြောပေး ပါဦး။
ဒေါ်ပပစိုး -ကျွန်မရေထဲ မျာသွား ပြီး ၊ သစ်ပင်တွေကြားရောက်လုက်၊သဲတွေပါးစပ်ထဲဝင်လိုက်၊ရေတွေ ဝင်လိုက်နဲ့ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေတာ။ ကြိုးတစ်ချောင်းကို တွေ့လို့ လှမ်းဆွဲပြီးတော့ ကမ်း ပေါ်တက်လာရတယ်။ ကမ်းစပ် မှာ သီလရှင်ဆရာလေးတွေက အ၀တ်တွေ ပေးတယ။် အဝတ် အစားတွေလည်း မပါတော့ဘူး။
ကလေးတွေက ဘယ်အရွယ်တွေ ရှိပြီလဲ။
ဒေါ်ပပစိုး -သားအကြီးက ၁၈ နှစ် ၊ ဒုတိယသမီးက ၁၂နှစ်၊ သားအ ငယ်လေး သုံးယောက်က ငါးနှစ်၊ သုံးနှစ်နဲ့ နှစ်နှစ်ရှိပြီ။
ကလေးတွေ ပြန်လာမယ်လို့မျှော် လင့်သေးလား။
ဒေါ်ပပစိုး - အကြီးဆုံးသားနဲ့သမီး ကိုတော့မျှော်တယ်။ ပြန်လာ မလားလို့။ အငယ်လေးတွေကို တော့ မမျှော်လင့်တော့ဘူး။ အခု ထိတော့ အလောင်းတွေ မတွေ့ သေးဘူး။ ငိုရလွန်းလို့လည်း မျက် ရည်တွေ မထွက်တော့ဘူး။
ကလေးတွေအတွက် ကောင်းမှု ကုသိုလ်ပြုဖို့ အစီအစဉ်ရှိလား။
ဒေါ်ပပစိုး- ကျွန်မတို့ကို လာလှူ တာတွေထဲက ဖယ်ပြီး ပြန်လှူပြီး သူတို့ ဘဝကူးကောင်းအောင် အမျှပေးဝေပါတယ်။ ကလေးတွေရဲ့ ဖခင်တစ်ယောက် အနေနဲ့ ဘယ်လိုခံစားရပါလဲ။ ဦးဇော်ထွန်း- ယောကျာ်းတစ် ယောက်ဖြစ်နေတော့ မျက်ရည် တော့မကျဘူး။ ခံစားရတာက တော့ ရင်ကွဲမတတ်ပါပဲ။ အခုလို ဖြေကြားပေးတာ ကျေးဇူး တင်ပါ တယ်။
ကိုသက်(မုံရွာ)၊ မျိုးမင်းဦး
2 November 2011
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment