ကျမ ငြိမ်းချမ်းရေးဘလောဂ့်မွေးနေ့ပွဲတစ်ပြည့်အတွက် ကရင်ဘလောဂ့်ညီအစ်ကိုမောင်နှမများမှ ပေးပို့လာသော စာပိုင်းတိုနဲ့ ကဗျာများကို ငြိမ်းချမ်းရေးဘလောဂ့်မွေးနေ့ရောက်မယ့် ရက်အနည်းငယ်မှာ ငြိမ်းချမ်းရေးဘလောဂ့်( Email)ကိုအဖောက်ခံရတဲ့ အတွက် ငြိမ်းချမ်းရေးဘလောဂ့်ကို ကျမလုံးဝဝင်လို့မရလို့ ရက်အတန်ကြာရပ်နားထားလိုက်ရပါတယ် ကျမ(Email)ကိုဖောက်တဲ့ (Email)ကိုတန်ပြန်ဟပ်လို့ အခုမှ ငြိမ်းချမ်းရေးဘလောဂ့်ကိုဝင်လို့ရပါတယ် ကျမဆရာတယောက်အကူအညီကြောင့် ဒီငြိမ်းချမ်းရေးဘလာဂ့်ကို အသုံးပြုလို့ရတာပါ၊ ကရင်ဘလောဂ့်ညီအစ်ကိုမောင်နှမများမှ ပေးပို့လာသော စာပိုင်းတိုနဲ့ ကဗျာများကို အခုမှ ငြိမ်းချမ်းရေးဘလောဂ့်စာမျက်နှာပေါ်တွင် တင်ပေးလိုက်ရတဲ့ အတွက် နားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံပါသည်။ ကျန်သောကဗျာများကိုဒုတိယပိုင်းတွင်ဆက်လက်ဖော်ပြပါမယ် ယုက်ထ၀့်လာ.ဏိင်းလ်ုယာ လ်ုပ၀်ထါ် ထီ့ယွာ စာင်းဟှာအှ် ယှင်းယးဏာ၊ ဍေ.မောဝ်.ဖါ.အှ်ယာင်ယှး ယှင်းဒ်ုဒုက် အ်ုဏိင်းအး၊ ပ်ုဆိုဒ်ခ၀့် လ်ုဃှီ့ဍာ် မ်ုတာင်ဃှီ့ ဍေလ်ုဝါ်၊ ဆိုဒ်ဆးဟှင်.ကုက်မာ အင်းတာင်လင် ဘလောဂါ၊ အဲလင်ဆိုဒ် ဖူ.ဃှီ့လာ ကေ၀်လိက်သှေ် စွးသ်ုကာ၊ ယုက်ထ၀့်လာ.ဏိင်းလ်ုယာ။ ( ကျဝ့်ဆိုဒ်ဖါန်) နှလုံးသားငိုရှိုက်သံ မဗေဒါသူ့အလှ ရှုမ၀အခါခါ၊ မုန်တိုင်းထန်လှိုင်းကြမ်း သူ့ဘ၀လွန်ကြမ်းတမ်း၊ ဦးတည်ရာကင်းမဲ့ လှိုင်းပုတ်ရာသောင်တင်ခဲ့၊ လောကဓံသူရင်ဆိုင် ဖူးပွင့်တွေဝေေ၀လှိုင်၊ သူ့အလှခံစားကြည့် ရင်ခုန်စွာဂုဏ်ယူမ၊ိ မလိုသူနင်းခြေ သူ့ဘ၀ ညှိုးနွမ်းနေ၊ ဗေဒါကိုဆာနာ နှလုံးသားငိုရှိုက်ကာ၊ ရင်နစ်စွာကြေကွဲ ငါချစ်တာဗေဒါပဲ။ တာလပေါ့စားလျင် အံတတ်တဲ့ကရင်အတွက် (မင်းစိုးစံ) တာလပေါ့ အကြောင်းရေးနေကြတာတော့အများကြီးပါ။ အခုရေးပြမှာကတော့ တာလပေါ့စားလျင် အံတတ် တယ်ဆိုတဲ့ တတိယနိုင်ငံရောက် ရွှေကရင်အသစ်ကျပ်ချွတ်လေးတွေအကြောင်းဖြစ်ပါတယ်။ တာလပေါ့စားလို့အံတယ်ဆိုတဲ့ ကရင်အကြောင်းမရေးပြခင် တာလပေါ့ဆိုတဲ့ စကားအရင်းအမြစ်ကို အလျင်ဆုံး ရှင်းပြပါရစေ၊ ဘာကြောင့်လဲဆိုတော့ တာလပေါ့ဆိုတဲ့ ဗမာလိုအသံထွက်က ဘာအဓိပ္ပါယ်မှန်းမသိနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲက မြို့တမြို့ရဲ့ ဗမာလိုအခေါ်အဝေါ်လေးတခုနဲ့ ဥပမာပေးပါရစေ။ ကော့ကရိတ်ဆိုပါတော့ ကဲ ဗမာလို ကေါ့ တလုံး က တလုံး ရိတ် တလုံး။ ဘာအဓိပ္ပါယ်ရပါသလဲ။ သုံး လုံးပေါင်းလိုက် ပြီးတော့ အဓိပ္ပါယ်ရှာ ကြည့်။ ဘာမျှကို အဓိပ္ပါယ်မရှိတာ။ ဒီအထိရှင်းပါတယ်နော်။ ကရင်လို ကိုတရိုက် (ကေါဝ်တြာ်) ဆိုတာက ကေါဝ် ဆိုတာက တောတောင် တြာ် ဆိုတာက ၀န်းရံပတ်နေတာ အဲဒီတော့ ကရင်လိုအခေါ်ကို အဓိပ္ပါယ်ပြန်လိုက်တော့ တောင်တောင်တွေနဲ့ ၀န်းရံပတ်နေတဲ့မြို့ လို့ အဓိပ္ပါယ်ရ ပါတယ်။ ဗမာလို ဂျိုင်းဆိုတဲ့အခေါ်ကို ဘယ်လို ဘာသာပြန်မှာလဲ။ လူတွေရဲ့ချိုင်းကို အစွဲပြုပြီး ဂျိုင်းလို့ခေါ်တာ လား၊ ကရင်လိုအခေါ်က ခလိုင် (ခႜါင်ၟ) ဖြစ်ပါတယ်။ အဓိပ္ပါယ်က တလင်း (စပါးလှေ့တဲ့ စပါးနယ်တဲ့နေရာ)ပါ။ တာလပေါ့ဆိုတာက ကရင်အသံကို ဗမာလိုခေါ်လိုက်တော့ ဘာအဓိပ္ပါယ်မျှမရှိပါဘူး။ တာလပေါ့ကို ကရင်လို တာ့လါ့ဘေါ့ လို့ခေါ်ပါတယ်။ တာ့လါ့ ဆိုတာက အရွက် ဘေါ့ ဆိုတာက မျှစ် အဲဒီတော့ အရွက်နဲ့မျှစ် လျောချက် ထားတဲ့ဟင်းလျာ၊ ဒါမျှမဟုတ် စားစရာ။ အဲဒီကနေတခါ မူ့ဟဲဖိုးဆိုတာကရှိသေးတယ်၊ အဲဒါကတော့ ငရုပ် ကောင်းနိုင်နိုင်နဲ့ချက်တဲ့အတွက် မူ့ဟဲဖိုးဆိုတဲ့ဟင်း ဒါမျှမဟုတ်စားသောက်ဖွယ်ရာ။ တာလပေါ့မှာ ပူ၊စပ်၊ခါး ဆိုတဲ့အရသာတမျိုးမျိုးရှိရပါတယ်၊ အဲဒီသုံးမျိုးထဲက တမျိုးမျှမပါဘူးဆိုလျင်ဖြင့် တာလ ပေါ့လို့မခေါ်ပါဘူး၊ ဆန်ပြုတ်တမျိုးသာဖြစ်ပါတယ်။ ထောင်ထဲက အကျဉ်းစံသမားတွေပြောပြောနေတဲ့ ကရင် တာလပေါဆိုတာ အဲဒါမျိုးဖြစ်ဘို့များပါတယ်။ ကရင့်ဘ၀နဲ့ တာ့လာ့ဘေါ့(တာလပေါ့)ဟင်းဆိုတာ အတူတူပါပဲ။ ပူတယ်၊ စပ်တယ်၊ ခါးတယ်။ ကရင်တယောက် ဖြစ်ပြီး တာလပေါ့ စားလျင်အံတယ်ဆိုတဲ့ကရင်တွေကတော့ အိုးနင်းခွက်နင်းကရင် ပရမ်းပတာကရင် အတုအ ယောင်ကရင် လုပ်စားကရင်ပဲဖြစ်ပါတယ်။ တာလပေါ့(တာလာ့ဘေါ့)ကြိုက်တတ်တဲ့ကရင်တွေလည်း ဒီစာကြောင်းလေးတွေကို ဖတ်ပြီးလျင် တာလပေါ့စစ် စစ်ကိုစားကြပါ။ ၇ရက်(တသီတင်း)တခါ တလ(လေးသီတင်း) တခါလောက် ခပ်ပူပူ၊ ခပ်စပ်စပ်၊ ခပ်ခါးခါး ပေါ့။ ကျန်းမာချမ်းသာကြပါစေ။ မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး) တနှစ်ပြည့် ငြိမ်းချမ်းရေးဘလော့ဂ်အ တွက်သာ ရေးသားပေးပို့လိုက်ခြင်းဖြစ်ပြီး မည်သည့်ဘလော့ဂ်မည် သည့်နေရာတွင်မျှ ရေးသားပေးပို့ဖေါ်ပြခဲ့ ခြင်းမရှိပါကြောင်း ၀န်ခံပါသည်။ ကျန်ုပ်တို့ က၇င်လူမျိုးများထဲတွင် သတင်းမီဒီယာများတချိန်က အားနည်းနေခဲ့၇သောကြောင့် တချိန်ကတချို့သောနေ၇ာများတွင် ၇ှိုးနိပ်ခဲ့၇ခြင်း၇ှိမည်ဖြစ်ပါသည် အ၇ည်အချင်း၇ှိနေလျှက်နှင့် ထုတ်ဖော်နိုင်ခြင်း၏ ခွင့်မသာခဲ့၇ခြင်းကြောင့်လည်ဖြစ်ကြမည်ဖြစ်သည်၊ ယခုအခါ ကဘာအ၇ပ်၇ပ်ကိုေ၇ာက်၇ှိနေထိုင်သော က၇င်လူငယ်တချို့တို့၏ လုပ်ဆောင်ချက်များတွင် က၇င်ဘလော့ဂ်သတင်းမီဒီယာများအခန်းဏန်ဒသည် များစွာအကျိုး၇ှိလှပါသည်၊ ကျန်ုပ်တို့ မတတ်စွမ်းသော အ၇ာဘက်တွင် မိမိတတ်စွမ်းသော အတတ်ပညာနှင့် မိမိအမျိုးသားများအတွက် မိမိအသိစိတ်ဓာတ်နှင့် တဖက်တလမ်းပါဝင်ပံပိုးပေးကြသော ဘလော့ဂ်ပိုင်၇ှင်များကို၊ ကျန်ုပ်အနေနှင့် များစွားဂုဏ်ယူမိပါသည်၊ ဆက်လက်ပြီး မိမိဘလော့ဂ်နှင့် မိမိက၇င်သတင်းမီဒီယာပေါ် သစွ့ာ၇ှိ၇ှိအမျိုးသားအတွက် တိုက်ပွဲဝင်သွားကြမည်လို့  ကျန်ုပ်ယုံကြည်ပါသည်၊ စာဖက်ပ၇ိသက်အနေနှင့် ကျန်ပ်ဝင်ေ၇ာက်အားပေးသော ဘလော့ဂ်များမှာ၊ သောသီခို၊ ကိုးဒီသွေး၊ မန်းစိုးကမော၊ ငြိမ်းချမ်းေ၇း၊ ဖူးတာမိတ်၊ စောကျော်ခွီး၊ က၇င်လူငယ်အစည်း၇ုံး( ကို၇ီးယာ)၊ မန်းကိုကို၊ စောနေအေး၊ အမိက၇င်ပြည်၊ KNU ( japan) OKRSO- KA YAW PO- သူေ၇၀့်ဖါန်၊ အဲခေါင်သောင်၊ KAREN TINE စသည်ဖြင့် အမည်မဖေါ်ပြနိုင်သောဘလော့ဂ်များလည်၇ှိပါသည်၊ မိခင်ဘာသာနှင့် ဖီအဲမာ၊ ကွယ်ကညော၊ ကညောကော်ခီးလာ၊ ကွယ်ကလူ၊နှင့် KIC က၇င်သတင်းဌာဏများတို့ကို ကျန်ုပ်အနေနှင့် များစွာဂုဏ်ယူမိပါတယ်၊ ဆောင်းပါ၇ှင်များဖြစ်ကြသော၊ ဖူးဒို၊ မန်ဒဲ့ဒိုး၊ ဂါမဏိ၊ မင်းစိုးစံ၊ lazy boy၊ အမည်မဖော်ပြနိုင်သော အစ၇ှိသောက၇င်ဆောင်ပါ၇ှင်များကိုလည်၊ ကျန်ုပ်အာကိုးလေစားဂုဏ်ယူမိပါသည်၊ အားလုံးသောကျန်ုပ်တို့က၇င်ညီကိုမောင်နှမများသည် တူညီသောလက်များဖြင့် ကော်သူလေးငြိမ်ချမ်းေ၇းပန်းတိုင်သို့  ဥမကွဲးသိုက်မပျက် အတူလျှောက်လှမ်းနိုင်ကြပါစို့ - ဆုမွန်ကောင်တောင်း၇င် ၇င်ထဲအသည်းထဲထိ လိုက်လှဲစွာ ဂုဏ်ယူလိုက်ပါသည်။ လေးစားစွာဖြင့် Ehree အားနည်းချက်များ၇ှိပါက နားလည်ပေးပါ။ ခ၇ီးလမ်းတလျှောက် လှမ်းနေချိန်ဝယ် မှောင်မိုက်တိမ်တိုက်အောက် အ၇ိပ်မပေါ် ၇ှိနိုင်ပါ၏ နေေ၇ာင်ခြည်အောက် ခ၇ီးဆောင်နှင်း သင့်၏အ၇ိပ် သင့်၏ဘေး သင့်၏အနောက် သင်၏အောက်ဍ် ၇ှိနေပါ၏ သင်သွားသောလမ်း သင့်ခြေလမ်းမှာ ဖြောက်ဖြူးနေလာ ကွေ့ ကောက်နေလာ သင်သိပါ၏ သင်၏ခြေလှမ်း တလှမ်းလှမ်တိုင်း ခြေ၇ာကြီးငယ် ကျောက်လမ်းပေါ်တွင် မထင်သော်လည် မြေလမ်ကလေးမှာ ထင်ကျန်နေပါ၏ အ၇ိပ်နှင့်ခြေ၇ာ မှတ်သာပါ ကိုယ်သွားသောလမ်း သူလည် လိုက်က်ျ ကိုယ်နှင့်အတူ၇ှိနေပါ၏ လေညှင်း သြော် ... ဘာလိုလိုနဲ့ ဒီ ဘလော့ လေးတောင် တစ်နှစ်ပြည့်ပြီလို့ ဆိုတယ်။ ကျွန်တော်တို့တွေကသာစာဖတ်သူအနေနဲ့ ဝင်လာလိုက်၊ ကိုယ်ဖတ်ချင်တာလေး ဖတ်ပြီး ပြန်ထွက်သွားလိုက်နဲ့ ရှိနေခဲ့ကြတာပါ။ အချိန် ဆိုတဲ့ကာလ အပိုင်းအခြားကြီးကတော့ မနားတမ်း ပုံမှန်လည်ပတ်နေပြီး၊ ကျွန်တော်တို့တွေရဲ့ လက်ရှိရုန်းကန်နေမှုတွေကို တစ်ချိန်မှာ သမိုင်းအဖြစ်မှတ်တမ်းတင်ဖို့ သူ့အလုပ်သူလုပ်တယ်လို့ပဲဆိုရမယ်။ ကျွန်တော်တို့လူသားတွေမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အသိဥာဏ်ကိုယ်စီရှိကြတယ်။ လူတစ်ဦးစီရဲ့ အသိဥာဏ်ကို အသုံးပြုပုံခြင်းသာ ကွားခြားနေတတ်ကြတာ။ ဒီတော့ ကောင်းတဲ့လူမှုအသိုက်အဝန်းဖြစ်လာဖို့ ငယ်ရွယ်နုနယ်တဲ့ ကလေးအရွယ်တွေကို၊ စံနမူနာအဖြစ်ရပ်တည်ပြနိုင်ဖို့အရေးကြီးတယ်။ လူသားတိုင်းဟာ ကိုယ့်တိုင်းပြည်မွေးရပ် ရေမြေကိုချစ်ခင်ကြသူတွေချည်းဖြစ်တယ်ဆိုတာ စာဖွဲ့နေစရာလိုမယ်မထင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်က ပြည်သူတွေ၊ အရွယ်ရောက်လူရွယ်တွေ နိုင်ငံရပ်ခြားကို ပိုမိုစိတ်ဝင်စားလာကြတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် ဖန်တီးပေးတဲ့အကြောင်းအရာကလဲ ရှိနေခဲ့တာဆိုတော့၊ နိုင်ငံရပ်ခြားထွက်ခွါသူတွေဟာ အမှား ကျူးလွန်သူတွေဟုတ်ဘူးလို့မြင်မိတယ်။ တကယ်တော့ကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချူပ်နေသူတွေဟာ မိမိပြည်သူနဲ့ လူမျိုးစုတိုင်းရင်းသားတွေအပေါ်မှာ စာနာကိုယ်ချင်းစာစိတ်မရှိသူတွေလို့ ကျွန်တော်မြင်တယ်။ ပြည်သူတွေအားလုံးလဲ ကျွန်တော့်ထပ်တူ သိနှင့်ပြီးသူချည်းပဲ ဖြစ်ပြန်တယ်။ ကျွန်တော်တော့ လူမျိုးရေးအစွဲနဲ့ အခြေခံမပြောလိုဘူး၊ ဒါပေမယ့် ကိုယ်တိုင်သိမြင်ခဲ့ရတာတွေကိုတော့ ပြန်လည်ဝေမျှလိုတယ်။ ကျွန်တော် နယ်မြို့လေးတစ်မြို့မှာကြီးပြင်းခဲ့တယ်၊၆လအကြာမှာတစ်ခါအိမ်ခွန်နဲ့၊စည်ပင်သာယာရေးအခွန် ဆိုပြီး ပြေစာနဲ့ အိမ်တိုင်းလိုက်လံကောက်ခံကြတယ်။ ဒါပေမယ့် လမ်းမတွေမကောင်းဘူး၊ရေမြောင်းတွေပိတ်နေတယ်၊ အမှိုက်တွေပြစ်စရာနေရာမရှိလို့ မီးရှို့နိုင်သူရှို့၊ မြစ်ထဲသွန်ချသူ သွန်ချနဲ့ တိုင်လဲမရဲကြဘူး။ ကောက်လိုက်ရတဲ့ အခွန်တွေက နေ့တစ်မျိုး ညတစ်မျိုးဆိုသလို ပြည်သူတွေမှာတော့ အခွန်သာပေးရတယ် ပေးရတဲ့အခွန်အတွက်၊ နိုင်ငံတာဝန်ကိုယူထားတဲ့ အစိုးရတစ်ရပ်ရဲ့ဘာတုန့်ပြန်ပေးမှုကိုမှ မရကြဘူး။လူတွေမှာ အခွန်တွေထမ်းပြီးအစိုးရအနေနဲ့ဘာမှပြည်သူတွေအတွက်မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအစိုးရမရှိတာပိုကောင်းတယ်။ နောက်ထပ်ကမောက်ကမ တစ်ခုက အ ပြစ်ရှိလို့ အကျဉ်းကျခံ ထောင်ကျနေသူတွေ ဟာထိုက်တန်တဲ့အပြစ်ဒဏ်တော့ခံ ရမယ်ဆိုတာ အားလုံးသိထားနှင့်ပြီးဖြစ်တယ်။ နိုင်ငံတစ်ခုက ပြည်သူတစ်ယောက်အနေနဲ့ ဒီအစိုးရ ဒီစနစ်ကို မနှစ်ခြိုက်လို့ အတိုက်အခံ အဖြစ်ရပ်တည်လိုတာကို အပြစ်လို့ပြောလို့ရမှာလား။ သဘောသဘာဝအရ နေရာတိုင်းမှာ အတိုက်အခံရှိ မယ်၊ အတိုက်အခံဆိုတာ ကိုယ့်မှားယွင်းချက်တွေ လိုအပ်ချက်တွေကိုထောက်ပြနိုင်တယ်။ ဒီလိုအပ်ချက်တွေကို ပြင်ဆင် သင့်ပြင်ဆင်ရမယ်။ ကိုယ့်အမှားထောက်ပြသူတွေကို အစိုးရတစ်ရပ်အနေနဲ့ ရန်သူလို့သတ်မှတ်ပြီး ထောင်ဒဏ် အနှစ် ၄၀၊ အနှစ် ၆၀၊ အနှစ် ၁၀၀ ကျော် စသည်ဖြင့် သဘောထားသေးသိမ်တဲ့လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်တာတော့ တိုင်း ပြည်တစ်ခုရဲ့ အနာဂါတ်အတွက်မကောင်းလှဘူး။ လူငယ်တွေ ကိုကြောက်အောင်၊ နိုင်ငံရေး စိတ်မဝင်စားရဲအောင် စိတ်ပိုင်း ဆိုင်ရာအနိုင်ကျင့်တာလို့မြင်တယ်။ ကိုယ့်ယုံကြည်ချက်ကို မဖော်ပြရဲ၊ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ပြည်တွေ ဖြစ်လာကြတယ်၊ နောက်ဆုံးကိုယ့်ကိုကိုယ် ယုံကြည့်နိုင်စွမ်းကင်းမဲ့ကုန်ကြတယ်။ ဒီလိုအကြောက်တရားနဲ့ အုပ်ချုပ်တဲ့ အစိုးရတစ်ရပ်ရှိမနေရင် တိုင်းပြည်တိုးတက်ရေးအတွက် ပိုကောင်းတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လူမျိုးရေးအခြေခံပြီး ပြဿနာဖြစ်ကြတယ်၊ ဒါတွေဟာ ကျိုးကြောင်းဆက်စပ်မှုတွေ နဲ့ဖြစ်လာ တာဖြစ်တယ်။ တကယ်တမ်းသွေးရိုးသားရိုး သဘောထားမှန်မှန်ကန်ကန် နဲ့ နှစ်ဦးနှစ်ဖက် ပြေလည်အောင်ညှိနှိုင်းမယ်ဆို ရင် ပြေလည်သင့်တာတွေ ပြေလည်သွားမယ်လို့မြင်တယ်။ သင့်လျှော်တဲ့ အုပ်ချူပ်မှုပုံစံ နဲ့ စနစ်ကျတဲ့တိုင်းပြည်တစ်ခုဖြစ် လာနိုင်မယ်။ တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အခြေခံဥပဒေတစ်ရပ်ကို တစ်ဦး၊ တစ်ဖွဲ့ရဲ့ကြိုးကိုင်မှုနဲ့ ရေးဆွဲခဲ့တာ တော့ တရားနည်းလမ်းမကျဘူးလို့မြင်တယ်။ ဒါပေမယ့် ပြည်သူတွေမှာ အကြောက်တရားကြောင့် လက်မခံချင်ပဲ၊ လက်ခံ ပါတယ်လို့ ဖြစ်သွားကြရတယ်။ ဒါဟာ မိမိပြည်သူတွေအပေါ် ဆော်ကားအနိုင်ကျင့်တာတစ်မျိုးပဲ။ ဒီလို မိမိ ပြည်သူတွေ အပေါ်မှာ လက်နက်ကိုင်အနိုင်ကျင့်တဲ့ ဓါးပြအစိုးရမျိုး တိုင်းပြည်မှာရှိမနေရင်၊ ပြည်သူတွေစိတ်ချမ်းမြေ့သလို တိုင်းပြည် အတွက်လဲကောင်းတယ်။ ကျွန်တော် အရွယ်ရောက်လာတော့ မိဘတွေအနေနဲ့ အလုပ်လုပ်စေချင်တယ်၊ နယ်မြို့လေးဖြစ်တော့ အစိုးရရုံး တစ်ခုမှာ မိဘတွေအနေနဲ့ ကျွန်တော့်ကို အလုပ်လုပ်စေချင်ကြတယ်။ အစိုးရအလုပ်ကို လုပ်ခြင်းအားဖြင့် နိုင်ငံအုပ်ချုပ်ရေးယန္တယား မှာ အထောက်အပံ့ပြုရာရောက်မယ်လို့ မြင်မိတယ်။ နိုင်ငံ ကောင်းစားရေးအတွက်အနစ်နာခံ လုပ်နေသူတွေ မဟုတ်ပဲ၊ သူတို့အာဏာတည်မြဲရေးအတွက် ကျွန်တော်တို့ငယ်ရွယ်တဲ့ လုပ်အားတွေကိုပေးဆပ်ကြရမယ်။ ကျွန်တော့် မိခင်နဲ့ ဖခင် နှစ်ယောက်စလုံး တွင်မက အဖိုးနဲ့ အဘွား တို့ပါ အစိုးရဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ အနားယူချိန်မှာ အစိုးရတစ်ရပ်အနေနဲ့ ကိုယ့်ဝန်ထမ်းကို ပြန်မကြည့်နိုင်ဘူး။ သူတို့အစိုးရဝန်ထမ်းဘဝက အနားယူ ချိန်မှာတော့ ခေတ်နဲ့ မလျှော်ညီတဲ့လစာတွေပဲရကြတယ်။ ကျွန်တော့်အဖိုးကျောင်းအုပ်ဆရာ တစ်ယောက်ရဲ့ပင်စင်လစာ ဟာ၊ ကျွန်တော်တို့ခေတ်မှာ လ္ဘက်ရည်တစ်ခွက်ဖိုး နဲ့ ညီမျှနေတယ်။ အစိုးရဝန်ထမ်းချိန်မှာ ရိုးရိုးသားသား လုပ်ခဲ့သူတွေအနေနဲ့ သူတို့သားသမီးတွေအတွက် အင်မတန်ရင်နာ ဖို့ကောင်းတဲ့ ကိစ္စရပ်ဖြစ်တယ်။ ဒါကြောင့် မိဘကိုရှင်း ပြရတယ် ဒီခေတ်မှာ အစိုးရဝန်ထမ်းဆိုတာ အပူစာစားရတာ၊ သူများမျက်ရည်ကျမှ ကိုယ်ဝမ်းဝမယ့်အလုပ် ဖြစ်တယ်။ ကျွန်တော်အပူစာ မစားချင်ဘူး၊ ကိုယ့်လုပ်အားနဲ့ တန်တဲ့အခကို လိုချင်တယ်၊ မိဘတွေပင်စင် ယူချိန်မှာ ဘာတွေကျန်လဲ ဆိုတာ ကိုယ့်ကိုကိုယ် မေးခဲ့သလို မိဘကိုလဲ ရှင်းပြခဲ့ရတယ်။ ဒါကြောင့် ( ဗမာပြည်/မြန်မာပြည် ) ရဲ့ ဝန်ထမ်းဘဝကို စိတ်နာခဲ့တယ်။ ဘယ်နိုင်ငံမှာမဆို ပြည်သူ ပြည်သားတွေအနေနဲ့ မိမိတိုင်းပြည် စီးပွါးရေးတိုးတက်စေချင်တယ်၊ လုပ်အားနဲ့ တန်တဲ့အခ ကို လိုချင်တယ်၊ မိသားစုပျော်ပျော် ရွှင်ရွှင် ဝဝ လင်လင် နဲ့ထ္မင်းစားချင်တယ်။ ဒီလိုလုပ်ပေးနိုင်မယ့် စီမံကွပ်ကဲမှုကောင်းတဲ့ အစိုးရတစ်ရပ်ကို ပြည်သူတွေ လိုလားတောင့်တကြတယ်။ ဒါပေမယ့် လက်ရှိ (ဗမာ/မြန်မာ)ပြည် အုပ်ချုပ်သူတွေကြောင့် သဘာဝ အရင်းမြစ်တွေတိုင်းပြည်မှာ ရှိနေပါလျှက်၊ တိုင်းပြည်ဆင်းရဲနေရတယ်၊ နိုင်ငံတကာရဲ့ ကျဉ်ဖယ်မှုကြောင့် စီးပွါးရေးမကောင်းလှဘူး၊ တဖြည်းဖြည်းနဲ့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ နွမ်းပါးလာတယ်။ အစိုးရ မကောင်းတော့ ကိုယ့်နိုင်ငံ ပတ်(စ်)ပို့ ကိုင်ပြီးနိုင်ငံခြားသွားတာတောင် ကိုယ့်မှာ ခါးကော့ ရင်မော့ပြီးမသွားနိုင်ဘူး။ အဲဒီတော့ အနှစ်ချုပ်ကြည့်လိုက်တဲ့ အခါမှာ ကိုယ့်အခွန်ကိုယ်ဆောင်ပြီး ကြောင့်လန့်နေရတဲ့အစိုးရနဲ့ တူတူနေမလား၊ ကိုယ့်အခွန်ကိုယ်ဆောင်ပြီး လွတ်လပ်ပျော်ရွှင်စွာနဲ့ ဝဝ လင်လင်စားနေရတဲ့ နေရာမှာ နေမလား မေးလာခဲ့ရင် .. .. အခြားသူတွေလဲ ကျွန်တော့်နည်းတူ လွတ်လပ်ပျော်ရွှင်စွာနေထိုင်ရတဲ့ ဘဝ ကိုပဲလိုလားနှစ်ကြမယ်လို့မျှော်လင့်ရင်း ဒီစာကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။ (ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဘဝ အစိတ်အပိုင်းအချို့နှင့် အမြင်ကို ပြန်လည်ဝေမျှခြင်းသာဖြစ်၍ စာရေးသားရာတွင် အမှားအယွင်းပါရှိခဲ့လျှင် စာဖတ်သူအနေနှင့် နားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါသည်။)ှSM ငြိမ်းချမ်းရေး ဘလော့ တစ်နှစ်ပြည့် မွေးနေ့ မှာ ဘလော့ပိုင်ရှင်တစ်ယောက် ကိုယ်စိတ်နှစ်ဖြာကျန်းမားချမ်းသာပါစေလို့  ဆုမွန်တောင်းလျက်။ အမျိုးသားရေးအတွက် တတ်နိုင်တဲ့ဖက်က ဘလော့တင်ဆက်နေတဲ့ ကရင်အမျိုးသမီးဘလော့ဂါတစ်ဦး ကို ကျနော်တို့ အဖွဲ့ သားများမှ ဂုဏ်ယူပါကြောင်း အထူးပြောကြားလိုပါတယ်။ တစ်နှစ်ပြည့်မွေးနေ့ မှ နောင် နှစ်ပေါင်းများစွာ ကရင့် အမျိုးသားရေးအတွက် တတ်နိုင်သည့်ဖက် မှ ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုလျက်။” သောသီခိုအဖွဲ့ သားများ |
25 October 2011
ငြိမ်းချမ်းရေးမွေးနေ့တနှစ်ပြည့်အမှတ်တရ
Etiketter: ငြိမ်းချမ်းရေမွေးနေ့
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment