သန်းထိုက်ဦး
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဒါးဖော့ တပ်စခန်းကို ကူညီထောက်ပံ့နေသည့် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်၍ ၂ ရက်ကြာ လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တနေရာမှ KIA တပ်ဖွဲ့ဝင်များ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း KIAက မြစ်ကြီးနား - ဗန်းမော် ကားလမ်း အရှေ့ဘက် နမ့်ဆန်ယန်ရွာအနီး လှုပ်ရှားနေသော ခြေမြန်တပ်ရင်း အမှတ် ၄၃၈၊ ခြေလျင်တပ်ရင်း အမှတ် ၃၇ တို့ကို တိုက်ခိုက်ခဲ့သည်
“သူတို့ လုပ်လာမယ့် စစ်ဆင်ရေး အတွက် အင်အား ဖြည့်တင်းလို့ ကျနော်တို့ဘက်က ကြိုပြီးတော့ တိုက်ခိုက်တာပါ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ဒါးဖော့ တပ်စခန်း အင်အားကောင်းပါက KIA တပ်များကို ပြန်လည် တိုက်ခိုက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။
ထိုတိုက်ပွဲများတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရတပ်ဘက်က အနည်းဆုံး ၆ ဦး သေဆုံးကြောင်း၊ အစိုးရတပ်က နမ့်ဆန်ယန် ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဦးလနန်က ပြောသည်။
နမ့်ဆန်ယန် ကျေးရွာရှိ နေအိမ်များ၊ အမေ့အိမ် တည်းခိုခန်း၊ ကျောင်းအားကစားကွင်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံး အနီးတ၀ိုက်တွင် လက်နက်ကြီးကျည် တချို့ကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း၊ သို့သော်လည်း ဒေသခံများအတွက် စိုးရိမ်ကြောင်း ဦးလနန်က ပြောသည်။
“သူတို့ဘက်က ထိခိုက်မှုများလာပြီ ဆိုရင် ဒီရွာသားတွေကို နှိပ်စက်တာမျိုး အမြဲတမ်း လုပ်လေ့ရှိတယ်” ဦးလနန်က ပြောသည်။
ဤအတောအတွင်း အစိုးရတပ်များက ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် အနီးအနားတွင်လည်း အင်အား တိုးချဲ့နေကြောင်း သိရသည်။
တိုးချဲ့သည့်တပ်များ ခြုံခို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု SSAက ဆိုသည်။
“ခိုလမ်ကနေ မိုင်းနောင်ဖက်ကို စစ်ကား ၁၀ စီး ထပ်လာတယ်၊ မိုင်းနောင်ကနေ ကျေးသီးဖက်ကို ဆက်သွားတယ်၊ အဲဒါ ရွာသား (၃၅)ယောက်၊ ရဟန်း ၁၀ ပါးကို ခေါ်သွားတယ်” ဟု SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလှက ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ်အတွင်း တန့်ယန်း၊ မိုင်းရှုး၊ သီပေါတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွား နေကြောင်း သိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment