Posted In Healths
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများမှာ ယခုအချိန် ကာလတွေ အထိ HIV/ AIDS ရောဂါ ဖြစ်ပွား သူများရဲ့ (၅၀)ရာခိုင်နှုန်း ခန့်ဟာ အသက် (၁၅)နှစ်မှ (၂၀)ကျော်ဝန်းကျင် လူငယ်တွေမှာ ဖြစ်ပွား တတ်တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနမှ သိရပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံရာ မှတစ်ဆင့် ကူးစက်တတ်တဲ့ ကာလသား ရောဂါတွေကိုလည်း အဆိုပါ အသက်အရွယ်တွေက အများဆုံး ဖြစ်ပွား တတ်တယ်လို့ သိရပါတယ်။
ဒီလို ကာလသား ရောဂါတွေ ဖြစ်ပွားရာမှာ ယခုအခါ မှာဆိုရင် လိင်ဆက်ဆံခြင်း မှတဆင့် ကူးစက် ပြန့်ပွားနိုင်တဲ့ ရောဂါပေါင်းဟာ (၄၀)ကျော် ခန့်ရှိလာပြီလို့ သိရပါတယ်။ အဆိုပါ ကာလသား ရောဂါ(၄၀)ကျော် ထဲမှာ HIV/ AIDS ရောဂါ ခေါ် ခုခံအား ကျဆင်းမှု ကူးစက် ရောဂါဟာလည်း နောက်ဆုံးပေါ် ကာလသား ရောဂါတစ်မျိုးပင် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွားရြုခင်းဟာ လူငယ်အချို့မှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း ပြောရမှာရှက်ရွံ့တတ်ခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဗဟုသုတနဲ့ အန်္တရာယ်ကိုစမ်းစစ်နိုင်တဲ့ ကျွမ်းကျင်မှုနည်းပါးခြင်းတွေကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် အပေါင်းအသင်းများ စုံကာ အပျော်အပါး လိုက်စား တတ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲတတ်ကြခြင်း၊ အကာအကွယ်မဲ့ အပျော်အပါး လိင်ဆက်ဆံမှုများ ပြုလုပ်ကြခြင်း တွေကြောင့် ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီလို HIV/ AIDS ရောဂါဖြစ်ပွားမှုဟာ အရှေ့တောင် အာရှဒေသတွင်းမှာ HIV ပိုး ကူးစက်မှု အထူးမြန်ဆန်ပြီး ရောဂါကူးစက် ခံရသူ လူဦးရေဟာလည်း များစွာ တိုးပွား လာတယ်လို့ သတင်း ရရှိပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment