နိုင်ငံတကာ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
တရုတ်ဘဏ် အုပ်ချုပ်ရေးမှူး 'ဂျိုရှောက်ချွန်း' မှာ လက်ရှိ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု ရဖို့အတွက် တစ်နေ့ထက်တစ်နေ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ တရုတ်စီးပွားရေး အင်အားကြီးလာမှုနဲ့အတူ ဂျိုရှောက်ချွန်း ရဲ့ ထင်ရှားကျော်ကြားမှုကလည်း အမေရိကန် ဗဟိုဘဏ် ဥက္ကဌထက်ပင် ပိုလာသည်။
မနှစ်က ဂျိုရှောက်ချွန်း က အမေရိကန်ဒေါ်လာ နေရာ အစားထိုးနိုင်မယ့် နိုင်ငံတကာ ငွေကြေးသစ်တစ်ခု စတင်ဖို့ အဆိုပြုလိုက်တဲ့အတွက် ဈေးကွက်တွေမှာ ပွက်လောညံသွားပြီး၊ လူသိပိုများလာခဲ့သည်။ ဒီနှစ်မှာလည်း သူက ဂလိုဘယ်စီးပွားရေးကို အမေရိကန်က ဩဇာပေးမောင်းနှင်နေတဲ့ခေတ်၊ ကုန်သွားပြီလို့ ပြောရင်း ၀ါရှင်တန် အစိုးရကို ထပ်ဖိအားပေးလာသည်။
တရုတ်က ဂျပန်ကို ဖြတ်တက်ပြီး၊ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနေရာကို ရယူလာနိုင်တာနဲ့အမျှ ဂျိုရှောက်ချွန်း ရဲ့ ပြောဆိုချက်တိုင်းကို ယခု ဈေးကွက်တွေက အာရုံစိုက်လာရသည်။ ဒီလို ဒုတိယ စီးပွားရေး အင်အားကြီးအဖြစ် သမိုင်းဝင်မှတ်တိုင်စိုက်နိုင်ဖို့ ကာလရှည် ချီတက်ခဲ့ရသည်။ သို့သော် အနောက်က စက်မှုခေတ် အပါအ၀င် နှစ်နှစ်ရာကျော် ချီတက်ခဲ့ရမှုကို တရုတ်က ဆယ်စုနှစ် လေးခုကျော်နှင့် လျှောက်လှမ်း လာနိုင်ခဲ့သည်။
တစ်ဆက်ထဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး နံပါတ်တစ်နေရာ ရယူဖို့ တရုတ် ဘယ်လောက် အချိန်ယူမလဲဆိုတာ ဂျိုရှောက်ချွန်း ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး ဈေးကွက် စောင့်ကြည့်သူတွေက အကဲခတ်နေကြသည်။
ဂျို က ယွမ်ငွေတန်ဖိုးကို လျှော့ချမယ့်အစား၊ တန်ဖိုးထိန်းထားချင်သူ ဖြစ်သည်။ လက်ရှိ တရုတ် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတကာ အရန်ငွေ ဒေါ်လာ ၂.၆၅ ထရီလီယံ အပေါ် ဖင်ထိုင်ပြီး အလုပ်လုပ်နေသူ ဖြစ်သည်။
ဝင့်ထန်း
14 September 2011
ကမ္ဘာ့စီးပွားရေး ကံကြမ္မာ တရုတ်ဘဏ် အုပ်ချုပ်ရေးမှူး လက်ထဲမှာ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment