FNG သတင်းမှ.....
ရန်ကုန် မြို့ ဒဂုံတက္ကသိုလ် မှာပထမ နှစ် ရုက္ခဗေဒဘာသာရပ်ကိုပညာသင်ယူ နေတဲ့အသက်၂၀အရွယ်ကျောင်းသူတစ်ဦးကိုရဲကစစ်ဆေးမေး မြန်မှု ပြုရာမှာကိယိနြေ္ဒပျက်လောက်အောင် ရဲ ကစော်ကားစစ်မေးမှုတွေ ပြု ခဲ့သည်ဟု FNGမှသတင်းရရှိသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ်အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့်ထိုတက္ကသိုလ်ကျောင်းသူကိုတစ်လမ်းတည်းနေ ကြံ့ဖွတ်အဖွဲ့ ဝင်အမျိုး သမီးတစ်ဦးက ငွေကျပ်၇သိန်း ခိုးယူတယ်လို့ စွပ်စွဲပြီး ရဲကိုတိုင်ကြားရာ ဇူလိုင်လ ၁၄ရက်နေ့ တွင်မြောက်ဥက္ကလာပ ရဲစခန်းမှဖမ်းဆီးမှုပြုခဲ့သည်။
အဆိုပါ တက္ကသိုလ် ကျောင်းသူကို မြောက်ဥက္ကလာပရဲစခန်း နှင့်မြို့ နယ်ကြံ့ဖွတ်ရုံးတို့ တွင်စစ်မေးမှု ပြုရာရဲကခိုးယူကြောင်းအတင်းအကျပ်ဝန်ခံ ခိုင်းရာပထမနှစ်ကျောင်းသူက၀န်ခံမှုမပြု သဖြင့်ဇူလိုင်လ၂၀ရက်နေ့ တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုးရုံး၏ အလုပ်သင်အမှုစစ်အရာရှိများရုံးစိုက်ရာရန်ကုန် မြို့ ကုန်သည်လမ်းရှိ ခြောက်ထပ်ရုံးသို့ ဆက်လက်ပို့ ဆောင် စစ်ဆေးမေး မြန်းမှုများ ပြုခဲ့ကြသည်။
ခြောက်ထပ်ရုံးတွင် ပထမနှစ် တက္ကသိုလ်ကျောင်းသူကို နေ့ ရောညပါ စစ်ဆေးမေးမြန်းမှုပြုစဉ်တက္ကသိုလ် ကျောင်းသူ၏လိင်ပိုင်းဆိုင်ရာကိုဒုရဲအုပ် ၅ ဦးကစော်ကားစစ်မေးခဲ့ရာမှာအိမ်ထောင် ကျတယ်ဆိုတာဘယ်လိုမျိုးလဲ သိလား၊ ငါတို့ နဲ့ အိမ်ထောင်တစ်ရက်လောက်ကျကြည့်မလား၊ နင်က အိပ်ရေးပျက်လို့ မျက်စေ့တွေတောင်ချောင်တာ၊ကျန်တာတွေတင်းတင်းလေးပဲရှိတုန်းပါလား” စသည် ဖြင့်နှမသားချင်းမစာနာစစ်ဆေးမေးမြန်းမှုပြု သည် ဟု သူမ၏မိသားစုဝင်တစ်ဦးက FNG သို့ ပြောသည်။
တက္ကသိုလ်ကျောင်းသူကို ဇူလိုင်လ၂၅ရက်နေ့ တွင်အင်းစိန်ထောင်သို့ လွှဲပြောင်းပို့ ဆောင်ခဲ့ပြီးယခုလ ၈ရက်နေ့ တွင်မြောက်ဥက္ကလာပတရားရုံးသို့  ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။
အဆိုပါ မိန်းကလေးကို ရဲကသားမယားစကားများ ဖြင့် စော်ကားစစ်မေးခြင်း နှင့်ပတ်သက်၍The Voice ဂျာနယ်မှအကြီးတန်းသတင်းထောက် တစ်ဦးက”ဒါလူအခွင့်အရေးချိုးဖောက်မှုပဲသက်ဆိုင်ရာဌာန နဲ့ အစိုးရကိုယ်တိုင်စုံစမ်းစစ်ဆေးမှု ပြုသင့်တယ်၊ဒါမတရား မှုပဲဟုဆိုသည်။
အဆိုပါအမျိုးသမီး၏သူငယ်ချင်းနှင့် တက္ကသိုလ်ကျောင်းသူများ ကစက်တင်ဘာလ ၈ရက်ရုံးထုတ်သည့် နေ့ တွင်သက်သေလိုက်ပေးမည်ဟုသိရ သည်။
(မတရား ဖမ်းဆီး ခံ ထား ရသည့် မိန်း က လေး ၏ မိသား စု ၀င် က ပြောပြ ချက် အရ ပထမ နှစ်ဒဂုံ တက္ကသိုလ် ကျောင်းသူ ၏ နာမည်၊ အလုပ် အကိုင် နှင့် နေရပ် ကို သိရ သော် လည်း ကာယကံရှင် နှင့် နီးစပ် သူ များ က ပန်ကြား ချက် အရ Freedom News Group က ထည့် သွင်း ဖော် ပြခြင်းမပြု ပါ)
3 September 2011
ဒဂုံတက္ကသိုလ် ကျောင်းသူ ကို ရဲ က လိင်ပိုင်း ဆိုင်ရာ စော်ကား စစ်မေးမှု ပြု
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment