အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊ ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။
“အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။
လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည် ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း တက်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်တွင် ပထမအကြိမ်တွေဆုံရာ၌ NLDပါတီ တရားဝင် ရပ်တည်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပါက ဆူပူမှုများ မဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက် သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ် မလာသေးသဖြင့် အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဟု သုံးသပ်နေကြချိန်တွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ပေါက်လာသည်။
“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာအကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည်၏ အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိအစိုးရသစ်က ၂၀၁၄ ခုနှစ် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရလိုသဖြင့် နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ပြောဆို ကြသည်။
Peace Press (yangonchronicle သတင်းလွှာ “အစိုးရသစ်နှင့် ပူးပေါင်းမှုတွင် ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်” မှ ကူးယူဖော်ပြပါသည် )

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment