13 September 2011

ခေတ်သစ်မိစ္ဆာ

 ရွှေအာဏာရောင်
ထိန်ထိန်ပြောင်လို့
ရှောင်ရှားရတို့လူငယ်
စက်အာဏာ
ပတ်ချာတာကြောင့်
တို့နိုင်ငံမှာလေ
သူခိုးကြမ်းပိုး
ဝန်ထမ်းဆိုးတွေ
များလှပေ၏
သီလရောင်ထိန်
လုံခြုံသလားမမေးနဲ့

သံဃံတွေသွေးနဲ့
လမ်းဆေးတယ်
ကျောသားရင်သား
မခွဲခြားပါဘူး
တပြေးညီဖြစ်တာမို့
လူအရှင်လတ်လတ်ကို
မီးရှို့လို့သတ်တယ်
ဆန်ရေစပါး
ပေါများသလားမမေနဲ့
လူတိုင်းဟာတောင်းစားနေရတယ်
ဥပဒေစိုးမိုးတာကြောင့်
လူတော်လူကောင်းတွေကို
ထောင်ထဲမှာပဲ သိမ်းထားတယ်
လူသားမျိုးနွယ်တိုးတက်ဖို့
နိုင်ငံခြားပြည်ကိုရောင်းစားတယ်
လူမျိုးကိုဖြတ်
ဘာသာကိုသတ်
တရုတ်ကိုအဖေခေါ်
ကုလားကိုအိမ်ခေါ်ထား
ဆက်ရေးတော့ပါဘူးရှင့်
နန်းယမင်း

0 kommentarer:

Post a Comment