တောင်ပံတစုံရဲ့အားနဲ့
မင်းအနားငါရောက်လာချင်တယ်
တမြေစီဝေး ပြန်ဆုံမဲ့ရက်တွေတွေးရင်း
မင်းရင်လေးနေမလား?
အချစ်စစ်ရဲ့လမ်းမဖြောင့်တန်းသ၍
ခဏတော့လွမ်းနေရမှာပေါ့၊
အသိုင်းအဝိုင်းစကား ငါအရမ်းခါးတယ်
မတူညီတဲ့ဘဝ မပေါင်းစပ်ရဘူးတဲ့လား?
မိုက်မဲစွာချစ်ခဲ့ ခြင်းကပဲ
အပြစ်တစ်ခုဖန်ဆင်းမိသလို
ငါ့အတွက်မင်းလွမ်းနေသမျှ
ပြန်အစားရစေရမယ်ချစ်သူ၊
တစ်နေ့တစ်ရက် မေ့ရက်မရှိ
မင်းသိနေမလား?
အလိုမတူသူအောက်ငါဒူးမထောက်ခြင်ဘူးလေ
အချိန်တွေကိုစတေး
ဒို့နှစ်ယောက်မဝေးတော့ပါဘူး
ခဏလေးဆွေးနေပေးပါဦး
ချစ်သူရယ်
နန်းယမင်းဝေ
0 kommentarer:
Post a Comment