ဒီဗွီဘီ
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အစိုးရစစ်တပ်က ဖမ်းဆီးသွားတဲ့ ကရင်ရွာသား ၂ ဦးရဲ့ အလောင်းတွေကို ရွာပြင်မှာ ပြန်တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ပုလောမြို့နယ်က ဇာဒီဝင်းရွာသား စောကော်လယ်နဲ့ စေကျားခဲတို့ကို အမှတ် ၅၅၅ ခြေမြန်တပ်ရင်းက စစ်သားတွေက အရင်လ ၂၁ ရက်မှာ ဖမ်းသွားပြီးနောက် ကျည်ဆံဒဏ်ရာတွေနဲ့ အလောင်းပြန်တွေ့ရတာလို့ ရွာသားတွေက ပြောပါတယ်။
ဒီလူရွယ်နှစ်ဦးဟာ ဆက်သွယ်ရေးစကားပြောစက်နဲ့ကစားနေတာကို စစ်တပ်က သိသွားပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းသွားတာလို့လည်း သိရပါတယ်။
အစိုးရတပ်ဟာ ရွာသားတွေကို ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး နှိပ်စက်သတ်ဖြတ်မှုတွေ နှစ်ပေါင်းများစွာအတွင်း အကြိမ်ကြိမ် ဖြစ်ပွားဖူးတယ်လို့ ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် စည်းရုံးရေးနှင့် ပြန်ကြားရေး တာဝန်ခံ နန့်ဆန်းဒေးထူးက ပြောပါတယ်။
“အဲဒီဒေသမှာ ဘယ်ရွာသားပဲဖြစ်ဖြစ် သူတို့ မယုံသင်္ကာဖြစ်ရင် သတ်ပစ်တာရှိခဲ့ဖူးတယ်။ အရင်တုန်းက အလားတူဖြစ်ရပ်မျိုးတွေ လူသိရှင်ကြား ပေါ်တာရှိသလို လူမသိဘဲ ပျောက်သွားတာမျိုးလည်း ရှိတယ်။”
ဇာဒီဝင်းရွာသား ၂ ဦးကို ဖမ်းသွားခဲ့တဲ့ ခမရ ၅၅၅ နဲ့ ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၇ တို့ တိုက်ပွဲဖြစ်တယ်လို့လည်း သိရပါတယ်။
3 September 2011
အစိုးရတပ်ကဖမ်းသွားသည့် ကရင်ရွာသား ၂ ဦး၏ အလောင်းများ တွေ့ရှိ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment