ဟစ်တိုင်မှ...
- “နိုင်ငံရေး သင်ပုန်းကြီးဖတ်စာ” အမှတ် (၅)
- ဆရာမ... စပါရှယ်စိန် (နေပြည်တော်)-၂၄-သြဂုတ်-၂၀၁၁
ကလေးတို့ရေလာကြလာကြ ×××× ကျားကိုက်အောင် ကျားဖင်နှိုက်ကြ၊ အဲအဲ ဟုတ်ပေါင်၊ ကြားလိုက်အောင် နားစိုက်ထောင်ကြ ××× စိတ်အာရုံ မြေဝယ်မကျ၊ မှတ်သားနာယူကြ ××× ခုပြောနေတာ ကလေးတို့တတွေရဲ့ ညာချမယ့် ဆရာမ ×××× အဲ.. အဲ စာပြမယ့် ဆရာမ.. ဆရာမ၊ မင်းတို့ ဆရာမ၊
ဆရာမ ........... မင်္ဂလာပါ ကလေးတို့
ကလေးများ .......... မင်္ဂလာ ဖြစ်လာပါစေ ဆရာမ၊
ဆရာမ .............. ဟဲ့ ဘယ့်နှယ့် ပြောကြတာလဲ၊
ကလေးများ ......... မျှော်လင့်ဆဲ မှို့လို့ပါဆရာမ၊
ဆရာမ ........... ဟင်း၊ မျှော်လင့်ကြ မျှော်လင့်ကြ၊ ပိုက်ဆံ ပေးရတာမှ မဟုတ်ဘဲ မျှော်လင့်ကြပေါ့၊
ကဲ -ကမ္ဘာ့အရေးသင်မယ်၊ စာအုပ်ထုတ်ကြ၊
ကမ္ဘာ့စီးပွားရေးတွေ ကမောက်ကမဖြစ်နေတယ်ကွဲ့၊
အစုရှယ်ယာတွေဟာ နေ့စဉ်လိုလို တက်လိုက် ကျလိုက်နဲ့ ဒို့ မြန်မာပြည် ရွှေတိဂုံဘုရားက ဓါတ်လှေခါးတွေ လိုပေါ့ကွာ၊
ကလေးများ .......... လျှပ်စစ်မီးမလာရင် ဓါတ်လှေကားတွေ ရပ်သွားမှာပေါ့ ဆရာမ၊
ဆရာမ .............. ဟုတ်တယ်၊
အမေရိကန် လွတ်တော်အမတ်တွေက အဲဒီ လျှပ်စစ်မီးလိုပါပဲ၊
သူတို့မှာ ပါဝါတွေ ရှိနေတယ်၊
အခု အမေရိကန်အစိုးရမှာ အကြွေးတွေအများကြီးတင်နေတယ်၊
ဒေါ်လာသန်းပေါင်း တသန်းလောက် ရှိတယ်၊
ကလေးများ ........... ပြန်ဆပ်ပါ့ မလားဆရာမ၊
ဆရာမ ................ ဆပ် မဆပ်တော့ မသိပါဘူးကွယ်၊
ကူလီကူမာလုပ်နေတာတော့ ကြားနေရတယ်၊ အစိုးရအသုံး စရိတ်ကိုလျှော့မယ်လို့ ပြောလိုက်၊ လုပ်ငန်းရှင်ကြီးတွေကို အခွန်တိုးကောက်မယ်လို့ ပြောလိုက်နဲ့ ၊
နောက်ဆုံးတော့ သူ့ဒေါ်လာကို တန်ဖိုးလျှော့ချတဲ့နည်းကို သုံးပြီးကုန်သွယ်ရေးက ရတဲ့ငွေကို အမြတ်များများ ယူတော့မှာ ပေါ့ကွယ်၊
ကလေးများ ............. ကိုယ့်ငွေတန်ဖိုးကျလာရင် အမြတ်များများ ရပြီလား ဆရာမ၊
ဆရာမ ............. ဟုတ်တာပေါ့ကွယ်၊ အမေရိကန်နဲ့ တရုတ် စီးပွားကုန်သွယ်ဆက်ဆံ လိုက်ကြတာ တရုတ်ငွေက တန်ဖိုးကျနေတော့ အမေရိကန်ကြီး ခံလိုက်ရတယ်လေ၊
ဒီတခါတော့ အမေရိကန်ကြီး အလှည့်ပေါ့ကွယ်၊ တရုတ်၊ ဂျပန်နဲ့ တကမ္ဘာလုံး ခံဖို့သာပြင်ထားကြပေတော့၊
ကလေးများ ............. မြန်မာပြည်ရော ခံရအုန်းမှာလား ဆရာမ၊
ဆရာမ .............. ဘယ်လွတ်ပါ့မလဲကွယ်၊ တစ်ဒေါ်လာ ခြောက်ကျပ်ခွဲလိုလို ဘာလိုလိုနဲ့ လိမ်လာလိုက်တာ ခုတော့ တိတိကျကျ သတ်မှတ်တာ ခံရတော့မှာပေါ့ကွယ်၊
ကလေးများ ............ သာဓု၊ သာဓု၊
ဆရာမ ............... ကဲ ကဲ၊ မြန်မာ့အရေးကို သင်ကြမယ်၊
မြန်မာအစိုးရအသစ်ချပ်ချွတ်ရဲ့ သမတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ ဆွေးနွေးကြပြီကွဲ့၊
ကလေးများ .............. ဒါဆို သားတို့ သမီးတို့တွေ ဆင်းရဲတဲ့ ဘဝက လွတ်တော့မှာလားဟင် ဆရာမ၊
ဆရာမ ............. ဟူး ..... ဆရာမလဲ ဆုတောင်းနေရတာပါပဲကွယ်၊
အခုလိုတွေ့ဆုံမှုကအစ ဆွေးနွေးမှုတွေ အများကြီးလုပ်ကြပြီး ပြည်သူတွေရဲ့ ဆင်းရဲကြပ်တည်းမှုက လွတ်မြောက်အောင် လုပ်နိုင်ပါစေလို့ ပေါ့၊။
ကလေးများ ............ သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်စုတို့ကရော မဆင်းရဲ မကြပ်တည်းဘူးလား ဆရာမ၊
ဆရာမ ................ သူတို့ နှစ်ယောက်ကတော့ မဆင်းရဲကြပါဘူးကွယ်၊ ဒါပေမယ့် ကြပ်တည်းနေကြတာတော့ အမှန်ပဲ၊ ဝါးလုံးခေါင်းထဲ ဆင်ဝင်ရသလို၊ ဘီယာပုလင်းထဲ ဂေါ်ဇီလာ ရောက်နေသလိုပေါ့၊ သူတို့နှစ်ယောက်လုံး အကြပ်ဆိုက်နေတာတော့ အမှန်ပေါ့ကွယ်၊ သူ့အကြပ်နဲ့ သူပေါ့၊
ကလေးများ .......... သူတို့အကြပ်အတည်းက သူတို့လွတ်မြောက်အောင် တွေ့ဆုံဆွေးနွေးနေကြတာလား ဆရာမ၊
ဆရာမ .............. တချက်ခုတ် သုံးချက်ပြတ် ဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊
ကလေးများ ............ ဘယ်လို သုံးချက်ပြတ်မှာလဲ ဆရာမ၊
ဆရာမ ........... ဦးသိန်းစိန်တို့ အကြပ်အတည်းရယ်၊ ဒေါ်စုတို့ အကြပ်အတည်းရယ် ပြည်သူတွေရဲ့ အကြပ်အတည်း ရယ် အားလုံးပြေလည် သွားတာကို ပြောတာပါကွယ်၊
ကလေးများ .......... သူတို့အကြပ်အတည်းက သူတို့လွတ်မြောက်အောင် တွေ့ဆုံဆွေးနွေးနေကြတာလား ဆရာမ၊
ဆရာမ .............. တချက်ခုတ် သုံးချက်ပြတ် ဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊
ကလေးများ ............. သုံးချက် မပြတ်ဘဲ တချက်ပဲပြတ်မယ်ဆိုရင် ဘယ်ဟာကို ဦးစားပေးမှာလဲဟင် ဆရာမ၊
ဆရာမ ............... မင်းတို့ စဉ်းစားကြပေါ့ကွယ်၊ စိန်ကလည်း စိန်၊ စုကလည်း စု၊ ထုကလည်း ထုပဲပေါ့ကွယ်၊၊
ကလေးများ ........... ဒါဆို သုံးချက်မှ မပြတ်သ၍ ပေရှည်အုံးမှာလား ဆရာမ၊
ဆရာမ .............. အရေးကြီးတာက လူထုကြီးဆင်းရဲတွင်း အကြပ်အတည်းမှ လွတ်မြောက်ရေးကို စိန်နဲ့စုက စေတနာ ထားကြပါစေကြောင်း ဆုတောင်းကြစို့ ကလေးတို့
ကလေးများ ........... (စိန်နဲ့စု စိတ်ကောင်းဝင်ကြပါစေ)
ဆရာမ ................ ကဲ.. ဒီအပတ်နားကြအုံးစို့၊
မင်္ဂလာပါ ကလေးတို့
ကလေးများ ........... မင်္ဂလာတွေ့ပါ ဆရာမ၊
ဆရာမ ........... မင်္ဂလာတွေ တိုးပါစေ ကလေးတို့၊ နားကြအုံးမယ်
ကလေးတို့ရေ လာကြ လာကြ ××××ကျားကိုက်အောင် ××××ကျားဖင်နှိုက်ကြ။
ဆရာမ... စပါရှယ်စိန် (နေပြည်တော်)
သုံးမီးနစ် အပြတ်ကျူရှင်
မူကြိုမှ.... ဒေါက်ထရစ်အထိ။ ။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment