ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ် မြို့၂မြို့ကြားက အဝေးပြေးကားလမ်းပေါ်မှာ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တ ဖွဲ့က နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၁၂၁) ကို စက်တင်ဘာလ ၁၇ နေ့ မနက် ၉ နာရီဝန်ကျင်းက တိုက်ခိုက်လိုက် တဲ့အတွက် နယ်ခြားစောင့်တပ်မှ တပ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာကတော့ ကြံ့ဖွံ့အစိုးရ စစ်တပ် ၃၅၅ နဲ့ ၃၅၆ တပ်စခန်း ၂ခု ကြားမှာဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားပုံမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခံရတာဖြစ်ပြီ လက်နှက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာပတ်ဝန်းကျင်ကို အနီးက ကြံ့ဖွံ့စစ်တပ်တွေက ပစ်ကူရှင်းပေးတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တယ်လို့ နယ်ခြားစောင့်တပ် (BGF) သတင်းရပ်ကွက်က သတင်းတွေအရ သိရှိရပါတယ်။
ယမန်နေ့က မြဝတီ ကော့ကရိတ် အဝေးပြေး ကားလမ်းပေါ်က တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒီဒေသမှာ တိုက်ပွဲဝင်နေ တဲ့ ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူးကျော်သက် ကို ဆက်သွယ်မေးမြန်ခဲ့ရာ . . .
“ဟုတ်တယ် မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ် သတင်းလည်းရတယ် လက်နက်ကြီးသံတွေလည်းကြားရတယ်။ ဒီတိုက် ပွဲက ကျနော်တို့တပ်ဖွဲ့တွေနဲ့ ဖြစ်တာမဟုတ်ဘူး။ တခြား ကေအန်ယူ တပ်ဖွဲ့တွေလည်း ဆက်မေးမြန်းကြည့်တယ် သူတို့နဲ့ လည်း ဖြစ်တာမဟုတ်ဘူးလို့ ပြန်ပြောတယ်။ ကြံ့ဖွံ့အစိုးရ စစ်တပ်က ကျနော်တို့ ဒေသကို စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ အသံတွေလည်းကြားတယ်၊ စက်တင်ဘာလ ၁၂ ရက် ၁၃ ရက်နေ့တွေက ဒုတိုင်းမှူး မြဝတီကို ရောက်လာတယ်။ BGF တပ်ကို ဒီစစ်ဆင်ရေးမှာပါဝင်ဖို့ ညှိတယ်လို့လည်းကြားတယ်၊ BGF တပ်ကလည်း ကိုယ့်အချင်းချင်း မတိုက်ချင်းလို့ စစ် ဆင်ရေးမှာ ကြံ့ဖွံ့စစ်တပ်နဲ့ ပူးပေါင်းဖို့ ခက်နေတယ်လို့ ကြားတယ်။ ကရင်နယ်ခြားစောင့် ဗိုလ်မှူးချစ်သူ ကိုတော့ မြဝတီ ကားလမ်းကို ဦးစီးဖို့ ကြံ့ဖွံ့အစိုးရက လုပ်ပိုင်ခွင့်ပေးထားတယ်” လို့ ပြောပြသွားပါတယ်။
မြဝတီကားလမ်းအခြေအနေနဲ့ ပတ်သက်ပြီး မြဝတီကားလမ်းမှာ ကုန်ကားမောင်းတဲ့ ကားသမားတဦး ပြောပြတာက တော့ …
“မြဝတီ ဘားအံ ကုန်သည်လမ်းမှာ သွားလာနေတဲ့ ကားတွေအားလုံး ဒီလမ်းကို သွားလာမယ်ဆိုရင် နယ်ခြားစောင့်တပ် ဗိုလ်ချစ်သူ တို့ ဆီမှာ ခွင့်ပြုလက်မှတ်ယူရမယ်။ လိုင်းဝင်တဲ့ သဘောပဲ။ အဲဒါ တပတ်လောက်ကြာပြီ။ အရင်း တုန်းက အစိုးရ နာမည်ခံထားတဲ့ ကားကြီးတွေလည်း ဗိုလ်ချစ်သူတို့ လွှဲပြောင်းတာဝန်ယူလိုက်ကြပြီ။ သူတို့ဆီမှာ လိုင်းဝင်ထားတဲ့ လက်မှတ်မပါရင် ကားတွေရော ကုန်ပစ္စည်းတွေပါ ဘားအံမြို့အဝင်မှာ BGF ဗိုလ်ချစ်သူအဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်ပြီး သိမ်းပစ်မယ်လို့လည်း ပြောတယ်” လို့ ပြောပြပါတယ်။
NAYTHIT
0 kommentarer:
Post a Comment