KNG
ကချင်ပြည်နယ်အနောက်ဘက် ကားမိုင်းမြို့၊ ကထန်ယန်(Kahtan yang) ကချင်ရွာသား တစ်ဦးအား မြန်မာစစ်တပ်က လူမဆန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု ရွာသားများပြောသည်။
အသက် (၃၀) အရွယ် ဖုတ်ဂျောင်ဆိုင်းဒူ (Hpuk Jawng Seng Du)အား ဇူလိုင် ၃၁၊ တနင်္ဂနွေ နေ့က မြန်မာအစိုးရစစ်ကြောင်းမှဖမ်းဆီးပြီး မျက်နှာအ၀တ်စည်းပတ်ကာ တောထဲသို့ ခေါ်ဆောင်သွားသည်။ ယင်းနောက် အရှင်လတ်လတ် မြေမြုပ်သတ်ပစ်ခဲ့ကြောင်း ရွာသားများပြောသည်။
ထိုနေ့ နံနက် (၇) နာရီတွင်လည်း တရွာထဲမှ အသက် (၁၇) နှစ်ရှိ ကချင်လူငယ် မရစ်တန် (Marip Tang) မှာလည်း ၎င်းအိမ်တွင် မြန်မာစစ်သားများက ပစ်သတ်လိုက်သည်ဟု ထပ်ဆိုသည်။
ယခုလို အပစ်မဲ့ပြည်သူနှစ်ဦးအား သတ်ဖြတ်မှုကို မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ) အောက် ၀ိုင်းမော်နယ်မြေခံ ခလရ (၅၈)နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)အောက် လှိုင်းဘွဲ့ နယ်မြေခံ ခလရ (၃၃၈) မှ စစ်ကြောင်း နှစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်ကြောင်း ရွာသားများပြောသည်။
ယင်းကဲ့သို့ အစိုးရစစ်သားများ၏သတ်ဖြတ်မှုများ ဆက်ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ကထန်ယန် ရွာသားများ ယခုချိန် ကားမိုင်းမြို့သို့ ထွက်ပြေးနေကြသည်ဟု မြို့ခံများပြောပါသည်။
ဇူလိုင် ၃၀ ရက်တွင်လည်း ကားမိုင်းမြို့ ကောင်ရာ(Kawng Ra)ကျေးရွာတွင် ကချင်ခရစ်ယာန်အသုဘအတွက် မြေမြုပ်သင်္ဂြိုလ်ရန် မြေကျင်းတူးနေသော ရွာသား ၇ ဦးအား ခလရ (၅၈) မှ မြန်မာစစ်သားများ ပေါ်တာဆွဲ သွားသည်ဟု ဒေသခံများမှ တဆင့်သိရသည်။
ကားမိုင်းဒေသသည် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲဖြစ်သောဒေသဖြစ်ကာ ဇူလိုင် ၂၆ တွင် ကားမိုင်းအနီး ငါးပေါက်ကုန်းတွင် ဆားမှော် နယ်မြေခံ ခလရ (၁၀၅) မှ မြန်မာစစ်ကား နှစ်စီးအား KIA တပ်ရင်း (၆)မှ တိုက်ခိုက်မှုကြောင့် မြန်မာစစ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရရှိသည်။
1 August 2011
အပစ်မဲ့ကချင်ပြည်သူ တစ်ဦးအား မြန်မာစစ်တပ်မှ လူမဆန်သတ်ဖြတ်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment