| ကလေး ၁၈၀၀ အတွက် အမှိုက်ပုံများမှ စွန့်ပစ် ပစ္စည်းများကို ကောက်ယူရောင်းချပြီး စာသင်ကျောင်း ထောင်ခဲ့သူမှာ အာဂ ပါကစ္စတန် အမျိုးသမီးတစ်ဦးဖြစ်သည်။ ၀န်ကြီးချုပ် ယူဆာ့ဖ်ရာဇဂီလန်နီက မိဘမဲ့၊ စွန့်ပစ်ခံ ကလေးများအတွက် ဤအမျိုးသမီး၏ ကိုယ်ကျိုးစွန့် အားထုတ်မှုကို ကူညီပေးရန် ရူပီးငွေ ၁ သန်း ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ![]() အိုးအိမ်မဲ့တို့ နေထိုင်ရာ Slum နေရာတစ်ခု ဂီလန်နီက ရူဘီနာ ကုရာရှီ၏ အားထုတ်မှုတို့ကို ကြားသိရသဖြင့် အလွန်ပင် ခံစားရခဲ့ကြောင်းဆိုသည်။ ရူဘီနာသည် ဆင်းရဲလွန်းလှသည့် လာဟိုးပြည်နယ်က ကလေးငယ် ၁၈၀၀ အတွက် စာသင်ကျောင်းကို အိမ်တကာလှည့် အမှိုက်ကောက်ယူပြီး ရောင်းချရသည့်ငွေဖြင့် တည်ထောင်ထားသူဖြစ်သည်။လူအများ အသုံးမလိုတော့သဖြင့် စွန့်ပစ်ပစ္စည်းများကို လိုက်ကောက်ပြီး ရောင်းချခဲ့ရကြောင်း၊ ရသည့်ငွေကြေးဖြင့် အခမဲ့ပညာသင်ပေးကြောင်း၊ စာအုပ်များကို စွန့်ပစ်ခံ ဆင်းရဲသားကလေးငယ်များအတွက် ၀ယ်ပေးကြောင်း ရူဘီနာက ပြောပြခဲ့သည်။ ရပ်ရွာအတွင်းရှိ ချမ်းသာကြွယ်ဝသူများ၊ စည်းစိမ်ယစ်နေသူများ အနေဖြင့် အိုးအိမ်မဲ့၊ စွန့်ပစ်ခံလူထု၏ ကလေးငယ်များ ပညာရေး၊ စာသင်ကျောင်းတို့အတွက် ငွေကြေးလှူဒါန်းသင့်ကြောင်း အကြံပြုထားသည် Written by မောက္ခ | by မောက္ခ |
4 August 2011
အမှိုက်ကောက်ပြီး ကလေးကျောင်းထောင်ခဲ့သူ အာဂအမျိုးသမီး
Etiketter: news
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment