August 3, 2011
အီဂျစ် ပြည်သူများ၏ တစ်လကျော်ကြာ အုံကြွတွန်းလှန်မှုကြောင့် အာဏာလက်လွတ် ဖြစ်ခဲ့ရသည့် အီဂျစ် သမ္မတဟောင်း ဟိုစနီ မူဘာရက်ကို ယနေ့  မြို့ တော်ကိုင်ရိုရှိ လုံခြုံရေး ထူထပ်စွာ ချထားသည့် တရားရုံး တွင် စတင်စစ်ဆေး နေပြဟု အယ်(လ)ဂျာဇီရား ဂြိုလ်တု ရုပ်သံက သတင်း ထုတ်လွှင့်ခဲ့သည်။
သမ္မတဟောင်း မူဘာရက်နှင့် သားနှစ်ဦးကို လာဘ်စားမှု၊ အလွဲသုံးစား လုပ်မှုနှင့် ဆန္ဒပြသူများအား သတ်ဖြတ်မှု တို့ ဖြင့် စစ်ဆေး အရေးယူနေခြင်း ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက သေဒဏ်ထိ ကျခံရ နိုင်သည်ဟု ဆိုသည်။
တရားရုံး အပြင်ဘက်တွင် ကိုမာရောဂါကြောင့် အရေးပေါ် တွန်းလှည်း ကုတင်ဖြင့် ရောက်ရှိလာသည့် မူဘာရက်အား သူ့ကို လိုလားသူများက သက်တော်ရာကျော် ရှည်ပါစေဟု ကျွေး ကျော်ကြသည်။
အသက် ၈၃ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဟိုစနီမူဘာရက် သည် နိုင်ငံကို ၂၉ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရာထူးမှ ဖယ်ရှား ပေးလိုက်ရသည်။
၎င်းအာဏာ လက်လွှတ်ပြီးနောက် ရှမ်အယ်(လ)ရှိတ် အပန်းဖြေစခန်းရှိ ဆေးရုံတစ်ခုတွင် တက်ရောက် ကုသခံနေရစဉ် ယနေ့  စစ်ရဟတ်ယာဉ်ဖြင့် ယာယီ တရားရုံး တည်ရှိရာ ကိုင်ရိုရဲ သင်တန်းကျောင်းသို့ စစ်တပ် ရဟတ်ယာဉ်ဖြင့် ရောက်ရှိ လာခြင်း ဖြစ်သည်။
မူဘာရက်သည် ဆန္ဒပြ သူများကို လူမဆန်သည့် နည်းလမ်းများ သုံးပြီး နှိပ်ကွပ်ခဲ့မှု ကြောင့် ၈၀၀ ကျော် သေဆုံးပြီး ၉၀၀၀ ကျော်ဒဏ်ရာ ရရှိသည်။ သူ၏ သားနှစ်ဦး ဖြစ်သူ ဂါမဲလ်နှင့် အာလာ မူဘာရက်တို့နှစ်ဦး လည်း ဖခင် ဖြစ်သူနှင့်အတူ အစစ်ဆေး ခံရမည် ဖြစ်ပြီး သူ၏ ပြည်ထဲရေး ၀န်ကြီးနှင့် ထိပ်တန်း ရဲအရာရှိ အချို့ မှာမူ ကနဦး ပြစ်ဒဏ်များ ကျခံနေရပြီး ထောင်သွင်း အကျဉ်းချ ခံထားရသည်။
မူဘာရက် ကို ရုံးတင် စစ်ဆေး တာ ကို အီဂျစ် ရုပ်သံ အစီအစဉ် က တိုက် ရိုက် ထုတ်လွှင့် ပြသ ခဲ့ ပါတယ်။
Copy from - freedomnewsgroup.com








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment