http://www.karenunited.com
စစ်တပ်အုပ်ချုပ်တဲ့ ကာလမှာ ဗမာကျပ်ငွေတွေကို အတိုင်းအဆမရှိ ဗရမ်းဗတာရိုက်ထုတ်တယ် ။
ပိုက်ဆံနဲ့ ကုန်ပစ္စည်း မျှခြေ ရှိနေရာက ပိုက်ဆံတွေချည်ွး အဆမတန်ပေါလာတယ် ။
ဒီတော့ လူတွေလက်ထဲမှာရှိတဲ့ ချွေးနဲစာ ပိုက်ဆံတွေ အလိုလို တန်ဖိုးကျကုန်တာပေါ့ ။
ကုန်ဈေးနှုန်း တက်လာတာပေါ့။
ဒါဘယ်သူ့ကြောင့်လဲ . ရှင်းနေတာပဲ ။
ဒါပြည်သူတွေလက်ထဲက တန်ဖိုးမျှယူလိုက်တာပဲ ။
အားမနာတမ်းပြောရရင် ဒါ . ခိုးတာပဲ ။
ဒေါ်လာဈေးတက်တယ်ဆိုတာ ၀ယ်လိုအားများလာတာကို အခြေမခံဘူး ။
ဗမာစက္ကူပိုက်ဆံတွေ နင်းကန်ရိုက်ထုတ်လို့ ဖြစ်လာရတာ။ွှလူလိမ်တွေကတော့ ထွက်ပေါက်ကြိုရှာထားပုံရတယ် ။
တယ်လီဖုန်း ၊ ဆိုင်ကယ် ၊ မော်တော်ကား ၊ စားအုံးဆီ ၊ ဓါတ်ဆီ စတာတွေကို လိုင်စင်အကြောင်းပြပြီး
တမင်ဈေးကြီအောင် ကျပ်တည်းအောင် လုပ်ထားတယ် ။ မီတာခကို မြှင့်တယ်။ တယ်လီဖုန်းပြောခကို တိုးတယ်။
မီးမလာ အောင် တမင်လုပ်တယ်။ ဒါတွေနဲ့ ပြည်သူတွေကို လူစဉ်မမှီအောင် လုပ်ထားတယ်။ အာဏာလွှဲပေးရမယ်ဆိုတော့မှ လူကြားကောင်းအောင် ဗမာငွေတန်ဖိုးရှိပါတယ်ဆိုတာ လုပ်ပြမယ်လေ ။ ဆိုင်ကယ်တွေ သွင်းခွင်းပေးပြီး အခွန်မတရားကောက်တယ်။ (တရုပ်ပြည်မှာ တသိန်းခွဲနဲ့ စီးလို့ရတဲ့ဆိုင်ကယ်က ဒီမှာ ခြောက်သိန်းကျော်ပေးစီးရတယ်)
ဆိုင်ကယ် ဆယ်သန်း တရုပ်ပြည်က သွင်းတယ် ဆိုပါတော့ ဆိုင်ကယ်တစ်စီး အခွန်နှစ်သိန်းရတယ်ဆိုရင် လူတွေလက်ထဲက ဗမာကျပ်ငွေ သန်းပေါင်းသိန်းနှစ်ဆယ် (ကုဋေပေါင်းနှစ်သိန်း) ပျောက်သွားပြီ။ လူလိမ်ကြီး အစိုးရကသာသာလေး သယ့်ယူသွားပြီ ။
နောက်ရှိသေးတယ် ကဒ်ဖုန်း တဲ့ တယ်လီဖုန်းတွေကို ဈေးပေါပေါနဲ့ ပေးလို့ရရဲ့သားနဲ့ ကဒ်ဖုန်းဆိုတာကိုထုတ်လိုက်တယ် ။
(နံဘေးတိုင်ပြည်တွေမှာ ဖုန်းကဒ်တစ်ခုကို အခုငွေဈေးနဲ့ဆို ကျပ်နှစ်ထောင်လောက်ပဲ ရှိမယ်) ကဒ်ဖုန်းအားလုံး ငါးသန်းလောက် ရောင်းခဲ့ရတယ်ဆိုပါစို့ အနည်းဆုံး ဒေါ်လာသန်းတစ်ရာ စာ ဗမာငွေတွေ ဈေးကွက်ထဲက ဆွဲထုတ်သွားပြီ
အဲဒီတုန်းကပေါက်ဈေး တစ်ဒေါ်လာ တစ်ထောင့်နှစ်ရာနဲ့ဆို ကျပ်သန်းပေါင်း တစ်သိန်းနှစ်သောင်း (ကုဋေပေါင်း တစ်သောင်းနှစ်ထောင်) ပေါ့
လွယ်လိုက်တာနော် အဲ နောင်ပိုင်း နယ်မြေခွဲခြား ငါးသိန်းဖုန်းတဲ့ အခုတော့ ဘယ်ယူသွားသွား ငါးသိန်းတဲ့ အဲဒါဘာလုပ်တာလဲ
လူတွေ အိတ်ကပ်ထဲက ပိုက်ဆံကို ခိုးတာပဲပေါ့ ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင် သမ၀ါယမပိုင်ဆိုတာ အမှန်တော့ လူထုအများ
တိုင်းရင်းသားအားလုံးရဲ့ ပိုင်ဆိုင်မှုပါ အဲဒါတွေကိုလည်း လူလိမ်ကြီးတွေက လက်ညိုးထိုး ရောင်စားကြပြန်တယ်
(ဗရမ်းဗတာ ထုတ်ခဲ့တဲ့ စက္ကူငွေ တွေကို ပြန်သိမ်းတဲ့နည်းလေ )
ဗမာပြည်ကြီး အခုလို အဓွန့်ရှည်အောင် တည်တန့်အောင် သွေးတွေ ချွေးတွေနဲ့ ကြိုးစားခဲ့တာ အာလုံးရဲ့ ဘိုးဘွားဘီဘင်တွေပါ
မြေပေါ်မြေအောက် သယံဇာတတွေက အားလုံးနဲ့ ဆိုင်ပါတယ်။ သဘာဝဓါတ်ငွေ့ ၊ ရေနံ ၊ ကျောက်သံပတ္တမြား ၊ ကျောက်စိမ်း ၊ ရွှေနဲ့ သတ္တုတွေ ၊ ကျွန်း သစ် ၊ စတာတွေနဲ့ ပင်လယ်ထဲက ငါးတွေပါမကျန် လူလိမ်တွေ အပိုင်လုပ် ပါမစ်ပေး တဖြဲနှစ်ဖြဲ ပေါင်းစားကြတာ မြင်မကောင်းပါဘူး ။
နောက်ဆုံးတော့ ဗမာကျပ်ငွေတန်ဖိုးတက်တယ်ပေါ့ ဒီလိုဆို ဗမာတွေ ချမ်းသာသွားကြပြီတဲ့လား ပြောကြစမ်းပါအုံး
သူခိုးကြီးတော ဓါးပြတဲ့ အားလုံးဝိုင်းတားနေတဲ့ကြားက ဧရာဝတီကိုပါ မုဒိမ်းကျင့် ရောင်းစား
တိုင်းရင်သားအားလုံးကို ကျွန်ဇာတ်သွင်း ဒါတွေ အတိအလင်းမြင်နေရပါပြီ
ဒီလောက် စိတ်သဘောထားကောင်းတဲ့ ပြည်သူလူထုကို ဘယ်လောက်အထိများ နှိပ်စက်ချင်ကြသေးလဲ
မင်းတို့ လူတွေမှ ဟုတ်ကြသေးရဲ့လား
30 August 2011
လူလိမ်ကြီး အစိုးရ
Etiketter: article
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment